Search This Blog

Tuesday, June 12, 2012

၁၈ နှစ်ပြည့်သွားလည်း မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေတယ် (စံရတီမိုးမြင့်)

June 12, 2012 | 8 Days Journal


စံရတီမိုးမြင့်
မွေးနေ့က နှစ်တိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကျင်းပဖူးတယ်။  ဒီလို (၁၈) နှစ်ပြည့် မွေးနေ့မှာ ကုသိုလ်ကောင်းမှုလုပ်ပြီး လှူဒါန်းတာက ပထမဆုံးပဲ ခုလို ကုသိုလ်ကောင်းမှုတစ်ခု လုပ်ရတဲ့အတွက် ကိုယ့်အတွက် အမှတ်တရပေါ့။ အသက် (၁၈) နှစ်ပြည့်သွားပြီ ဆိုပေမယ့် ဒီနိုင်ငံမှာက ယဉ်ကျေးမှု ထုံးတမ်းစဉ်လာက ရှိပြီးသားလေ။ အိမ်ထောင် မပြုသေးသရွေ့ မိဘအုပ်ထိန်းမှု အောက်မှာဘဲ ရှိနေတာဆိုတော့ (၁၈) နှစ်ပြည့်လည်း စံရတီက မိဘရဲ့ အုပ်ထိန်းမှု အောက်မှာပဲ ရှိပါသေးတယ်။ စံရတီအတွက် အားလုံးက အနုပညာ မောင်နှမတွေပဲ။ ကိုယ့်အတွက် လိုအပ်တာရှိရင် အားလုံးက အကူအညီပေးကြတယ်။ သူနဲ့ ပတ်သက်ပြီး ပြောကြတာတွေလည်း အချိန်တန်ရင်တော့ ပြီးသွားမှာပါ။ ကိစ္စတစ်ခုကို သတင်းကြားပြီဆိုရင် လူတွေကပြောကြမှာပဲ။ စံရတီ အလုပ်တွေပဲ အာရုံစိုက်ပြီး လုပ်နေပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး စံရတီရဲ့ ကြိုးစားမှုတွေကိုပဲ အာရုံစိုက်စေချင်ပါတယ်။ မွေးနေ့ လက်ဆောင်ကတော့ တစ်ယောက်သောသူဆီက ထူးထူးခြားခြား လက်ဆောင်မျိုးကိုတော့ လိုချင်မိတယ်။

FHM မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် Keely Hazell

FHM မဂ္ဂဇင်းရဲ့ ဒီလ မျက်နှာဖုံးရှင် အဖြစ် Keely Hazell ကို လေးနှစ်အကြာမှာ ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရက်ပေါင်း ၁၄၉၃ ရက် ကြာပြီးနောက်မှာ Keely Hazell ကို FHM မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အဖြစ် ပြန်လည် တင်ဆက်မှာ ဖြစ်ပြီး ဆွဲဆောင်မှု အရှိဆုံး ပုံစံတွေနဲ့ ပြန်လည် ဆန်းသစ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Ref: For Him Magazine
Hollinaz

Tuesday, March 6, 2012

ငါးဖမ်းသမားနှင့် သူဌေးကြီး

ငါးဖမ်းသမားနှင့် သူဌေးကြီး


တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့ ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း ပြန်ပြောတယ် ။

သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။

“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”

###############################

ဘ၀မှာ ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင် ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။

ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။

လူတချို့ကပြောတယ် “ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့် ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။

ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။

“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”

သက်တန့်ချို  မှကူးယူဖော်ပြသည် ။

Friday, March 2, 2012

အလွန်ကြီးမားသော ဘယ်လ်ဂျီယံနိုင်ငံမှ နွားဘီလူးကြီးတွေ

အလွန်ကြီးမားသော ဘယ်လ်ဂျီယံနိုင်ငံမှ နွားဘီလူးကြီးတွေ








၁၉ ရာစု အစောပိုင်းကနေပြီး ဘယ်လ်ဂျီယံနိုင်ငံမှာ ပြည်တွင်း နွားရိုင်းတိုက်ပွဲတွေနဲ့ ဗြိတိန်နွားရိုင်းတိုက်ပွဲတွေ စတင်ခဲ့ပါတယ် ။ ဘယ်လ်ဂျီယံနိုင်ငံက အပြာရောင် နွားသိုးတိုက်ပွဲတွေကတော့ အလွန်ကို ကျော်ကြား ထင်ရှားခဲ့ပါတယ် ။ အဲဒီနွားဘီလူးကြီးတွေရဲ့ အရွယ်အစားနဲ့ ကြွက်သားအလေးချိန်ကြောင့် သူတို့ကို ကြွက်သားနှစ်ထပ်ကောင်တွေ လို့လည်း ခေါ်ကြပါတယ် ။ Double muscling ဆိုတာကတော့ သဘာဝအလျောက် myostatin အတွက် gene ပြောင်းလဲသွားခြင်း Mutation ဖြစ်သွားတာ ဖြစ်ပါတယ် ။ Myostatin ဆိုတာကတော့ ကြွက်သားတွေ ကြီးထွားလာဖို့အတွက် ပုံမှန်လုပ်ဆောင်ပေးတဲ့ ပရိုတိန်း တစ်မျိုး ဖြစ်ပါတယ် ။ အဲဒီ မျူတေးရှင်း ဖြစ်သွားတဲ့အကျိုး ဆက်ကတော့ ကြွက်သား အားလုံးဟာ အလျှင်အမြန်ကြီးထွား လာခြင်းပဲဖြစ်ပါတယ် ။

Saturday, February 18, 2012

ကျင်ငယ်ရေနှင့်ပြုတ်သော ကြက်ဥ များ


တရုတ်ပြည်မှာဖြစ်ပါတယ် ။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ်ပြည်မှာ ဒီလို ကျင်ငယ်ရေ (ဆီး ) ထဲမှာ ကြက်ဥပြုတ်တဲ့ ဓလေ့ရှိခဲ့ပါတယ် ။ ဒေသအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကနေ ဆီးတွေ လိုက်စုယူပြီး အကောင်းဆုံးဆီးကတော့အသက် ၁၀ နှစ်အောက်က ယောင်္ကျားလေးတွေရဲ့ဆီးက အကောင်းဆုံးဖြစ်ပါသတဲ့ ။

စားဖိုမှူး Lu Ming ကတော့ “ နေ့တိုင်းနေ့တိုင်း သူတို့က ပုံးတွေထဲက သူတို့က ဆီးတွေ ပေါက်ချပါတယ် ကျွန်တော် တို့က လိုက်ပြီးသိမ်းဆည်းပါတယ် ” လို့ပြောခဲ့ပါတယ် ။ Ming ပြောတာကတော့ ဒီလို ဆီးနဲ့ ပြုတ်ထား တဲ့ ဥတွေဟာ အရသာရှိပြီး ကျန်းမာစေတယ် သင့်ကို နိုးနိုးကြားကြားရှိစေပြီး စူးရှထက်မြက်စေ တယ်လို့ ဆိုပါတယ် ။ Ming ဟာ အခုဆိုရင် သူ့ရဲ့ ဆီးနဲ့ပြုတ်တဲ့ ဥတွေကို နိုင်ငံအသီးသီးကို တင်ဖို့ဖို့ Project တစ်ခုကို လုပ်ဆောင်နေပါပြီ ။

အနံ့ကတော့ ထောင်းနေမှာနော်...ဟီး..ဟီး

မကြာခင် ကျုပ်တို့ဆီတောင်ရောက်လာနိုင်တယ် ကိုယ့်လူတို့ရေ :P

 အားလုံးပဲ ပျော်ရွှင်ကြပါစေဗျာ ခန့် လေး :)

အဆီချန

င့်ကိုယ်လုံးကနေ ၀တ်မှုန်ရွှေရည် ကိုယ်လုံးဖြစ်လာသူလေးး

သူမနာမည်ကတော့ Harriet Jenkins ပဲဖြစ်ပါသည် ။သူမသည် ခန္ဒာကိုယ် လွန်စွာ ၀ကာ သူမကိုယ်အလေးချိန်သည်364 lbs (165 kg) ဖြစ်ပါသည် ။သူမ ကိုယ်အလေးချိန် ကာအတော်လေးကိုများပါတယ် ကျွှန်မနေ့ စဉ် လူအချို့ ၏ကဲ့ရဲ့ လှောင်ရီတာကို ကျွှန်မ ခံခဲ့ရပါတယ် ။ ဒါပေမယ့် အခုအချိန်မှာ သူမကို လွန်ခဲ့တဲ့နှစ်က ထက် ယခု အချိန်တွင် မြင်လိုက်ပါက တကယ့်ကို အံ့သြသွားပါ လိမ့်မည် ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင်သူမသည် လွန်ခဲ့တဲ့ အချိန်ကနဲ့ မတူ နတ်သမီးလေးလို လှပေနေလို့ ပဲဖြစ်ပါသည် သူမဟာ 18 လအတွင်းယခုလို Model ကိုယ်လုံးလေးဖြစ်ကာ အောင်မြင်စွာ အဆီချနိုင်ခဲ့ကာ ၀လွန်းသောဒုက္ခမှကင်းလွတ် ခဲ့ခြင်းဖြစ်ပါသည်။သူမသည် Slimming Group နှင့်ဆတ်သွယ် ကာခန္ဒာကိုယ် လျှော့ချသည့် လေ့ကျင့်ခန်းများကိုမပျက်မကွက်ပဲ ပြုလုပ်ခဲ့ပါတယ်။ ရေကူးခြင်းကို နဂိုကတည်းက သူမဟာနှစ်သက်သည် အတွက်အဆင်ပြေကာ ဆေးသောက်ခြင်းများကိုလည်း ပြုလုပ်ပြီးနောက် 18 လ အကြာတွင် ပင် သူမသည် လှပသော ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ရရှိလိုက်ပါသည် ။သူမသည် ယခုအခါ ခန္ဒာကိုယ် အလေးချိန် အောင်မြင်စွာ ချနိုင်ခဲ့ပြီးနောက်ယခုဆို သူမသည် အလေးချိန်သည်161 lbs (73 kg) ပဲရှိပါတော့တယ် တကယ့်ကိုသူမ အရမ်းဝမ်းသာရပါသည် ။သူမအရပ်ကတော့ 5ft 8in ပဲဖြစ်ပါသည် ။ သူမဟာယခုဆို သူမအလုပ်တွင် မျက်နှာပန်းပွင့်လန်းကာ အလွန် ချောမော လှပသောကောင်မလေးတစ်ယောက်ဖြစ်လာလို့ ပဲဖြစ်ပါသည်။ သူမဟာ သူမရဲ့အိမ်မက် တွေကိုအောင်မြင်အောင်လုပ်ဆောင်ဖို့ အတွက်ယုံကြည်ချက်များစွာလဲ ရရှိလာကာ အခုဆို ချစ်သူနဲ့ လဲ အလွန်ပဲပျော်ရွှင်နေပါသည် .။ထို့ ကြောင့်ကျွှန်မလို ၀နေတဲ့အမျိုးသမီးတွေအားလုံးပဲ Slimming World’s နဲ့ ဆတ်သွယ်လိုက်ပါလို့ ပြောချင်ပါတယ် တစ်ခြားသော နေရာများတွင်လည်း ဆတ်သွယ်လိုက်နော် ကျွှန်မကတော့အခုဆို

အောင်မြင်တဲ့ Model တစ်ယောက်လုပ်မယ်လို့ စိတ်ကူးထားပါတယ်..။

Harriet နှင့်သူ၏ချစ်သူ နှင့် သူမ အဆီမချခင်ကတွေ့ ရသည့် အနေအထားလေးဖြစ်ပါသည်

သူမ၏ ညီမဖြစ်သူနှင့် တွေ့ ရတြာ့ဖစ်ပါတယ်

သူမ Silmming Group နဲ့ ဆတ်သွယ်ပြီးတဲ့နောက် ရေကူးးဖို့ လုပ်နေတာလေ ဟိ..

လအနည်းငယ်ကြာပြီးနောက် သိသိသာသာ သူမ၏လက်မောင်းများ အတော်လေးကျဆင်းလာပါတယ်အဆီတွေ

ကျွှန်မ မျက်နှာ ပါးက အဆီတွေ အတော်လေးကျပီးပါးလေးက တကယ့်ကိုလှပပြီးအပြုံးဟာလဲလှပပြီးတော့ က်ႊန္မကိုက်ႊန္မ ယံုၾကည္မႈေတြ အနည်းငယ်ရှိလာပါတယ်


သူမ ခန္ဒာကိုယ်လုံး တော်တော် လေးလှပါလာပါပြီ


သူမ တစ်ကယ်ကို လုံးဝအဆီ များသိသိသာသာကြီးကျဆင်းလာပြီး ချောမောလှပါလာပါပြှီ


သူမဟာ အခုဆိုရင်တော့ တကယ့်ကို လှပတဲ့ခန္ဒကိုယ်လုံးလေးကို ပိုင်ဆိုင်နေပါပြီ ကြည့်ပါဦးတကယ့်ကို သေးသွယ်လာတာ ကတော့နဂိုထက်

သူမ အနည်းငယ် ထပ်ပိန် ဖို့ ကြိုးစားပါသေးတယ် ယခုထက် ပိုလှချင်သေးတော့..

အခုဆို အပေါ်ပူံအရ သူမဟာ Model လေးတစ်ယောက်လိုပါပဲ အရင်က ပုံနဲ့ ယှဉ်ကာ ပြသထားပါတယ် တကယ့်ကိုလှပါလာပါတယ် အရင်ကသူမ ၀ခဲ့တယ်ဆိုရင် ဘယ်သူကယုံမလဲ ဒါအိမ်မက်တစ်ခု မဟုတ်ပါဘူး တစ်ကယ့် အဖြစ်အပျက်တစ်ခုပါ ကျွှန်မ အရမ်းကိုဝမ်းသာနေရပါတယ် သူမ Model တစ်ယောက်လို လှပပြီးခန္ဒာကိုယ် အချိုးအစား လှပလာတာ တကယ့်ကို Slimming Group ကိုတကယ်ပဲ ကျေးဇူးတင်ရပါသည် .။

ထူးဆန်းထွေလာကမ္ဘာ့ပထမ ဦးဆုံး အမျိုးသားအမေ

ဒီအဖြစ်အပျက်လေးကတော့ တကယ့်ကိုမယုံနိုင်စရာပါပဲ ..။Oregon တွင်နေထိုင်သည့် အမျိုးသားတစ်ဦး Thomas Beatie, ဆိုသည့် အမျိုးသားတစ်ဦးသည်အမျိုးသမီး တစ်ဦးကဲ့သို့ ကိုယ်ဝန်လွယ်ထားပါသည် ။ ၄င်းသည် ခွဲစိတ်မှုလုပ်ထားသည့် အမျိုးသမီးတစ်ဦးလည်းဖြစ်ပါသည်သို့ သော်ဟော်မုန်းဓါတ်များသည်အမဟော်မုန်းဓါတ်များဖြစ်နေသေးသောကြောင့်ဖြစ်ပါ


သည် ။ယခုတော့ ကမ္ဘာ့ပထမဦးဆုံး အမျိုးသား အမေ ဖြစ်လာခဲ့ပါပြီ ။ Beatie သည်လွန်ခဲ့တဲ့ 10နှစ်လောက်က ဥပဒေအ

ကြောင်းအရာနှင့်အညီ လိင်ပြောင်းထားသည့် အမျိုးသမီးတစ်ဦးပါ ယခုဆို ၄င်းအသက်သည် 34 နှစ်ရှိပြီဖြစ်ပါသည်။Beatie

ဟာအခုဆို ကမ္ဘာ့သတင်းစာမျက်နှာ များတွင် ခေါင်းကြီးပိုင်းတွေမှာပါ ရှိကာ နာမည်ကြီးနေပါသည် ကမ္ဘာ့ပထမဦးဆုံး ကလေးရသည့် "pregnant man" ဟုနာမည်ကြီးနေပါသည် ။ ယခုမတိုင်မီ June 29 ရက်နေ့ တုန်းကလည်းမိန်းကလေးတစ်

ယောက်ကို မွေးဖွားခဲ့ပါသေးသည် ။ယခုဆို သူလိုချင်နေသည့် နောက်ထပ်ကလေးတစ်ဦးကိုလည်း ရရှီတော့မည်ဖြစ်ပါသည် ။Beatie သည်လွန်ခဲ့သော 5 နှစ်က Nancy (46နှစ်) ဆိုသည့် အမျိုးသမီးတစ်ဦးနှင့်လက်ထပ်ခဲ့ပါသည် ။Nancyသည်ထိုစဉ်က ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့Nancyသည်စောစီးစွာသားအိမ်ကို ဖြတ်ပစ်လိုက်ခြင်းကြောင့်ဖြစ်

ပါသည် ။

Beatie ၏ယခုလက် ရှိကိုယ်ဝန်နှင့်အတူ ၄င်း၏ ယခင်မွေးဖွားထားသည့် ကလေးးတစ်ဦးးနှင့် Beatie's ၏ဖြစ်သည့် Nancy တို့ ကိုတွေ့ ၇တာဖြစ်ပါသည် ။

Beatie ၏လွန်ခဲ့သော 10နှစ်က လိင်မပြောင်းခင်ကတွေ့ ရသည့် အမျိုးသမီးးပုံစံပဲဖြစ်ပါသည် ။

ယခုတော့ Beatie ဟာကမ္ဘာ့ပထမဦးဆုံးသော အမျိုးသား အမေ ဖြစ်လာပါပြီ..။တကယ့်ကို မယုံနိုင်အောင်ဆန်းကြယ်လှတဲ့

လောကကြီးပါလားနော် အမေ ကအဖေ ဘာတွေမှန်းကိုမသိတော့ဘူး ဟီးး ကြီးးလာရင် ကလေးကတော့ အမေနှစ်ယောက်

ဖြစ်တာပေါ့နော် ဟီးးအဖေ ဘယ်မှာပါလိမ့် ဟီးး Beatie ကအဖေတစ်ဖြစ်လဲ ဟုတ် အမေတစ်ဖြစ်လဲ ဟုတ်ပေါ့...။

Saturday, February 11, 2012

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်

ရင်သွေးအတွက် မိမိကိုယ်ကို ဓါးဖြင့်ဗိုက်ခွဲမွေးခဲ့သော အာဂသူရဲကောင်းမိခင်




အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေး ဖွားခဲ့ပါ တယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက် ခွဲပြီးမွေး ဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။

နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်း တဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ် ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန် တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မ သွားနိုင်ခဲ့ဘူး ။



ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အ ရက်တွေ ထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂ အမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲ ချလိုက် ပါတယ် ။



မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ် ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ် နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမ ရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။



သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီ တာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီ လူနှစ်ယောက် ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်း တစ်ခု ကိုရောက် သွားကြပါပြီ ။



ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာ သာ မွေးနိုင် ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။



ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေချင်တယ် ။ မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။

ဝက်ပေါက်လေးတွေကို သားသမီးလို့ထင်မှတ်ရှာသူကျားမကြီး

ဝက်ပေါက်လေးတွေကို သားသမီးလို့ထင်မှတ်ရှာသူကျားမကြီး


မိခင်ကျားမကြီးဟာ မမွေးဖွားရသေးခင်မှာပဲ ကိုယ်ဝန်သက်တမ်းမရင့်သေးပဲ သူ့ကလေးကို ဆုံးရှုံးလိုက်ရတယ် ။ စိတ်ဓါတ်တွေ တအားထိုးကျသွားပြီး မိခင်ကျားမကြီးရဲ့ ကျန်းမာရေးဟာ တဖြည်းဖြည်းဆိုးရွားလာခဲ့တယ် ။ တိရိစ္ဆာန်ဆေး ကုဆရာဝန်တွေက ကျားမကြီးမှာ စိတ်ကျရောဂါ စွဲကပ်နေပြီလို့ အတည်ပြုခဲ့ကြတယ် ။

ဒါကြောင့်သူတို့ဟာ ၀က်ပေါက်လေးကို ကျားအ၀တ်အစား ပေးပတ်ပြီး ကျားမကြီးအနားချပေးထားခဲ့ကြတယ် ။ ကျားမကြီးဟာ အလွန်ပဲ စိတ်လှုပ်ရှားသွားပြီး ဒီဝက်ပေါက်လေးတွေကို သူ့သားရင်းတွေမခြား ချစ်ခင်သွားခဲ့တယ် ။

######################################

သွေးသားရင်းမှမဟုတ်ပါဘူး ။ ကျားဆိုတာ အသားစားသတ္တ၀ါဆိုတာ ကျွန်တော်တို့သိကြပြီးသားပါ ။ တိရိစ္ဆာန်တွေတောင် မှ အနေနီးရင် မိခင်မေတ္တာ အစွမ်းကြောင့် ကိုယ့်အစာကိုတောင် သားသမီးအဖြစ် မှတ်ယူ တတ်ကြတယ် ။ ၀က်ပေါက်လေးတွေကို ကျားအ၀တ်အစားတွေ ၀တ်ပေးထားတဲ့အတွက် ကျားမကြီးက သူ့ သားလေးတွေလို့ မှတ်ယူပြီး ကျန်းမာရေး လည်းပြန်ကောင်းလာခဲ့တယ် ။

သားသမီးတွေအတွက် --- မိခင်ဟာ စိတ်နှလုံးသား နဲ့ ခန္ဓာတစ်ခုလုံပုံအောပြီးချစ်လေ့ရှိကြတယ် ။

ပိရမစ်တွေအတွင်းပိုင်းသို့လည်ပတ်ခြင်း

ပိရမစ်တွေအတွင်းပိုင်းသို့လည်ပတ်ခြင်း


ပိရမစ်တွေ တွေဟာ အီဂျစ်ပြည်ရဲ့ သင်္ကေတဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ကြတယ် ။ မံမီရုပ် အလောင်းတွေနဲ့ အီဂျစ်ဖာရို ဘုရင်ကြီးတွေရဲ့ ရာဇ၀င်တွေ သမိုင်းကြောင်းတွေဟာ လူတွေ ကြား မှာ ရေ ပန်းစားလှပါတယ် ။



ခမ်းနားတဲ့ အသွင်းအပြင်တွေ ရင်တုန်လှိုက်မောဖွယ်ပိရမစ်တွေရဲ့ အတွင်းပိုင်းကို ကျွန်တော်တို့ သွားကြည့် ကြ ရအောင်လား ။



ပိရမစ်တွေထဲမှာ အဖိုးတန်ရတနာတွေနဲ့အတူ ဘုရင်အဆက်ဆက်ရဲ့ ရုပ်အလောင်းတွေကို ဆေးစိမ်ပြီးတော့ မပုပ်မ သိုးအောင် စီမံထားရှိခဲ့ကြတယ် ။



တချိန်ကြရင် သူတို့ ၀ိဥာဉ်တွေ ပြန်ရှင်သန်လာပြီး ကမ္ဘာကြီးကို ပြန်လည်စိုးမိုးလာနိုင်မယ်လို့ ယုံကြည် ကြ သူတွေလည်းရှိပါတယ် ။







ခြောက်ပေါင်ကျော်လေးသောကြွက်ကြီးဖမ်းမိခြင်း

ခြောက်ပေါင်ကျော်လေးသောကြွက်ကြီးဖမ်းမိခြင်း



မယုံနိုင်စရာပါပဲ ဒီကြွက်ကြီးဟာ ခြောက်ပေါင်ကျော်လေးပြီး အမြီးကတင် ၁၂ လက်မရှည်ပါတယ် ။ တရုတ် ပြည် တောင် ဖက်စွန်းမှ လူဦးရေ သိပ်မများတဲ့ မြို့ငယ်လေးအနီး Fazhou မှာနေထိုင်သူ တစ်ဦးက ဖမ်းမိခဲ့ခြင်း ဖြစ်ပါတယ် ။ ကြွက်ဖမ်းသမားတစ်ဦးဖြစ်တဲ့ Mr Xian ဆိုကသူဟာ ဒီကြီးမားတဲ့ကြွက်ကြီးကို လမ်းတွေပေါ်လျှောက် သွားနေတာာတွေ့ပြီးတကည်းက ထောင်ချောက်ဆင်ခဲ့တယ်လို့ဆိုပါတယ် ။

ဖမ်းဆီရခဲ့သူMr Xian ဟာ ဒီကြွက်ကြီးကိုဖမ်းမိခြင်းအားဖြင့် ရှားပါးတဲ့ ကြွက်မျိုးစိတ်တွေကိုလေ့လာရာမှာ အထောက်အကူပြုနိုင်ကြောင်းပြောခဲ့ပါတယ် ။ ဒေသတွင်းတောတွင်းလေ့လာပညာရှင်တွေကတော့ ဒီကြွက်ဟာ ၀ါးတောတွေ ထဲမှာ ကျက်စားနေတဲ့ ကြွက်မျိုးစိတ်ဖြစ်နိုင်ကြောင်းပြောခဲ့ပြီး ဒီထက်ပိုတိတိကျကျ မျိုးစိတ် ကို ပြော ဆိုဖို့ရာ ကတော့ သေချာ စမ်းသပ်စစ်ဆေးဖို့လိုကြောင်းပြောခဲ့ပါတယ် ။

တရုတ်ပြည်ဝါးတောတွေထဲမှ ကြွက်တွေဟာ ဆယ်လက်မကျော်အောင်ကြီးထွားလေ့ရှိပြီး အထူးသဖြင့် ဒီလိုကြွက်တွေ ကို တရုတ်ပြည် မြောက်ပိုင်း မြန်မာပြည် နဲ့ဗီယက်နမ်တွေ မှာလည်းတွေ့ နိုင်ကြောင်းဖော် ပြထား ပါတယ် ။

ယူနန်ပြည်နယ် မလေးရှားမှာဆိုရင်လည်း အမြီးပါ အပါ လက်မသုံးဆယ်ကျော်နဲ့အလေးချိန် ၈ ပေါင်အ ထိလေး တဲ့ ဧရာမကြွက်ကြီးတွေကို ရှာတွေ့နိုင်ပါသေးတယ် ။
သက်တန့်ချို မှကူးယူတင်ပြသည် ။

Saturday, February 4, 2012

ထိုင်တော်မူ ဘုရားကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏မြောက်ဘက် ၈၅- ၉၀ ကီလိုမီတာ အကွာအဝေး ရှိ အန်တောင် ခရိုင်တွင် ရှိပါသည်။


သွားရောက်ဖူး လိုပါက ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ ang thong  ကားစီး ၍ သွားပါ။

သွားကြားထိုးတံ တစ်သိန်းဖြင့် တည်ဆောက်ထားသော ဆန်ဖရန်စ္စကိုမြို့တော်

အံ.ဖွယ်လက်ရာဖြင်. တည်ဆောက်ထားသောနန်းတော်ကို မစ္စတာ ဝေ.ဗာ မှ Rolling Through the Bay ဟု အမည်ပေးထားပါတယ်။ သွားကြားထိုးတံ စုစုပေါင်း တစ်သိန်း အသုံးပြုထားပါတယ်လို. ဆိုပါတယ်။ မျှော်စစ်နှစ်ခု ရွှေရောင်ဂိတ်ပါသော ပန်းခြံ စသော အံသြဖွယ် လက်ရာမြောက်လှသော အနုစိတ် သင်္ကေတကို နာရီပေါင်း သုံးထောင် ကျော်ဖြင်. အချိန်ယူတည်ဆောက်ခဲ.သည်။

သွားကြားထိုးတံအချို.မှာ အိမ်နီးချင်း အီတာလန် စားသောက်ဆိုင်မှလို. ဝေ. မှ ဆိုပါတယ်။ ထူးဆန်းသည်မှာ သွားကြားထိုးတံ များကို နိုင်ငံစုံ တံဆိပ်မျိုးစုံမှ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ထိုသွားကြားထိုးတံ များကို နိုင်ငံရပ်ခြား များရှိ ဆွေမျိုးများထံ အလည်အပတ်သွားရင်းနဲ. စုဆောင်းခဲ.တယ်လို. ဆိုပါတယ်။ ရွှေရောင်ဂိတ်ဖြင်.ပန်းခြံကို ကင်ညာ မော်ရိုကို စပိန် အနောက်ဂျာမဏီ အီတလီ တို.မှ ယူဆောင်လာခဲ.သော သွားကြားထိုးတံများဖြင်. ပြုလုပ်ထားသည်။ အတွင်းပိုင်းတွင် အသုံးပြုထားသည်မှာ သူ မင်္ဂလာဆောင်ခဲ.စဉ်က ဧည်.သည်များ သုံးခဲ.သောသွားကြားထိုးတံများ ဟု ဝေ.မှ ဆိုပါတယ်။