Search This Blog

Saturday, December 17, 2011


  •  ထာဝရ
  •  
  • မနေ့ညကရွာသွန်းခဲ့မိုးရေစက်လေး
  • မိုးလင်းတော့ဘယ်ပျောက်သွားပြီလဲ
  • ညကမက်တဲ့အိပ်မက်ထဲမှာပွင့်တဲ့ပန်းကလေး
  • ဒီမနက်မမွှေးမြတော့

  • စိန်ပန်းနဲ့ရဲရဲနီနေတဲ့လမ်းကလေး
  • ကံ့ကော်ဝတ်ဆံနဲ့ချုပ်ထားတဲ့ဒန်းကလေးလွှဲလို့
  • အညိုရောင်ဆံနွယ်ခွေလေးတွေလေမှာဝဲလို့
  • ညိုပြာညက်ပါးချိုင့်လေးဘယ်ဆီမှာလဲကွယ်

  • ခြားရဟတ်ကလေးလေမှာဝဲသလို
  • ညနေခင်းမြက်ပင်လေးတွေယိမ်းထိုးလူပ်ရှားကစားနေသလို
  • ဝေးဝေးလှမ်းလှမ်းကပန်းကလေးပြုံးပြလိုက်တာပဲဖြစ်ဖြစ်
  • ပန်းကလေးမသိလိုက်မသိဘာသာဖြတ်လျှောက်သွားတာပဲဖြစ်ဖြစ်
  • သူမရှိနေတယ်ဆိုတဲ့အသိနဲ့ ရှင်သန်ခဲ့တယ်

  • အရှိတရားတွေဒီအတိုင်းရှိစေတော့
  • အသိတရားတွေဒီအတိုင်းသိစေတော့
  • စိုက်ခင်းတွေမဖြစ်ထွန်းတာ
  • မုန်တိုင်းကိုချည်းအပြစ်တင်နေလို့မဖြစ်တော့ဘူး

  • ဒီမနက်
  • ငှက်ကလေးတွေနဲ့အတူ
  • နိုးထလာတဲ့ငါ့ပြတင်းပေါက်ကလေး
  • လေညင်းကလေးရေ..
  • မင်္ဂလာနံနက်ခင်းပါကွာ

  • သဘာဝတရားက သစ္စာမဖောက်မလွဲ
  • အရိုးခံအတိုင်းရှိခဲ့တယ်။ ။

  • ငြိမ်းချမ်းအောင်

Friday, December 16, 2011

တောင်ပေါ်သားနှင့် ရှင်ဥတ္တမကျော် - မင်းယုဝေ



ရှင်ဥတ္တမကျော်သည် ရဟန်းစာဆိုဖြစ်၍ အင်းဝခေတ်၌ ထွန်းကားသည်။ သက္ကရာဇ် ၈၁၅ ခု၌ ဖွားမြင်၍ သက်တော် ၈၉နှစ် အရွယ် သက္ကရာဇ် ၉၀၄ ခုတွင် ပျံလွန်တော်မူသည်ဟု အဆိုရှိလေသည်။
ရှင်ဥတ္တမကျော်သည် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ စသည်တို့နှင့် တခေတ်တည်း ထွန်းကားသည်။ ရှင်မဟာသီလဝံသနှင့် ကျောင်းနေဘက် သူငယ်ချင်းပင် ဖြစ်ခဲ့ဘူးလေသည်။ သို့ရာတွင် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ကဲ့သို့ မင်းနေပြည်ဝယ် သီတင်းသုံးခြင်း မပြုခဲ့။ မင်းဆရာမလုပ်ခဲ့။ ဆရာတော်ကို အင်းဝဘုရင် ဒုတိယ မင်းခေါင်နှင့် သားတော် ရွှေနန်းကြော့ရှင်ဘုရင် နရပတိတို့က မင်းနေပြည်တော်မှာပင် သီတင်းသုံးလျက် မင်းဆရာလုပ်ရန် အကြိမ်ကြိမ် တောင်းပန် လျှောက်ထားဘူးသည်။ ဆရာတော်သည် လက်မခံခဲ့။ သာယာစည်ကားသော မင်းနေပြည်ကို ခွာခဲ့သည်။ ရွှေကျောင်းအုတ်ကျောင်းတို့ကို ကြဉ်ခဲ့သည်။ အနံ့အရသာနှင့်ပြည့်စုံသော ဆွမ်းခဲဘွယ် ဘောဇဉ်တို့ကို စွန့်ခဲ့သည်။ လူများစုနှင့် အလှမ်းဝေးရာဖြစ်သည့်တောတောင် အရပ်ဒေသ၌ တကိုယ်တည်း လှည့်လည်သီတင်းသုံး နေထိုင်ခဲ့သည်။ ဝါးကျောင်းငယ်၌ သီတင်းသုံးလျက် တရားအားထုတ်ခြင်း၊ကဗျာဖွဲ့ဆိုခြင်းတို့ကို ပြုခဲ့လေသည်။
ဆရာတော် ရေးဖွဲ့ခဲ့သော စာတို့အနက် နှောင်းသူတို့ အခိုင်အမာ ရှာမာရှာဖွေတွေ့ရှိသမျှမှာ တောလား ၉ ပုဒ်သာ ဖြစ်သည်။ နှောင်းသူတို့ ရှာဖွေမတွေ့ရှိဘဲ တိမ်မြုပ်နေသော ဆရာတော်၏ စာများ ရှိလိမ့်ဦးမည်ဟု ပညာရှင်အချို့က ခန့်မှန်းကြသည်။ မည်သို့ပင်ဖြစ်စေ ထိုတောလား ၉ပုဒ်ဖြင့်ပင် ဆရာတော်သည် မြန်မာစာပေလောက၌ ထင်ရှားနေလေပြီ။ နောက်နှောင်း စာဆို များ၏ ဆရာတဆူဖြစ်နေလေပြီ။ နဝဒေး၊ နတ်ရှင်နောင်၊ ရှင်သံခို၊ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း အစရှိသော စာဆိုများစွာတို့သည် ဆရာတော်၏ တောလားထဲမှ အဖွဲ့အနွဲ့အချို့ကို နည်းမှီ အတုယူ ခဲ့ကြလေသည်။ ယခုအခါ ဒေါက်တာဘဟန်က ဆရာတော်၏ တောလား ၉ ပုဒ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီးလေပြီ။
ဆရာတော်သည် တောလား ၉ ပုဒ်အနက် နောက်ဆုံးတပုဒ်တွင် မိမိ ဘုရားဆုကို ပန်ကြောင်း ဖွဲ့ဆိုသည်။ အခြားရှစ်ပုဒ်တွင်ကား ဗုဒ္ဓမြတ်စွာ ဘုရားသခင် ကပိလဝတ်ပြည်ကို ဝင်တော်မူရာတွင် တောခြေ စုံတခွင်ကို ဖြတ်သန်းကြွချီပုံ ဖွဲ့ဆိုသည်။ သို့ဖွဲ့ဆိုရာ၌ ဘုရားသခင်အား လောကဓာတ်အလုံး ညွတ်ပျောင်း ပူဇော်ဟန်ကို ပြဆိုလိုသဖြင့် တော၊ တောင်၊ ရေ၊ မြေ၊ သစ်ပင်၊ ပန်းမန်စသော သဘာဝအလှတို့ကို အသားပေး ဖွဲ့ဆိုလေသည်။
ဆရာတော်သည် တောတောင် ဒေသတခွင်တွင် လှည့်လည်သီတင်းသုံးသူဖြစ်ရာ သဘာဝအလှကို ကောင်းစွာ ခံစားသိရှိသူဖြစ်သည်။ ထို့ကြောင့် သဘာဝအလှကို ဖွဲ့ဆိုရာတွင် စာတွေ့ကိုဖွဲ့ဆိုသည်မဟုတ်။ ငါတွေ့ဖြစ်သော မိမိကိုယ်တိုင် ကြုံတွေ့ခံစားမိသည့် သဘာဝအလှကိုသာ ဖွဲ့ဆိုသူဖြစ်သည်။ ဖွဲ့ဆိုရာတွင် လွန်စွာပိုင်နိုင်ထိမိလှသဖြင့် ပညာရှင်အများက ဆရာတော်ကို သဘာဝစာဆိုဟူ၍ပင် ခေါ်ဝေါ်သမုတ်ကြလေသည်။
ဆရာတော်သည် သဘာဝအလှကို ဖွဲ့ဆိုရာ၌ အဆင်းပါအောင်လည်း ဖွဲ့နိုင်သည်။ အသက်ပါအောင်လည်း ဖွဲ့နိုင်သည်။ အသံပါအောင်လည်း ဖွဲ့နိုင်သည်။ အနံ့ပါအောင်လည်း ဖွဲ့နိုင်သည်။ ထိုအချက်တို့ကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ယော်ရီ၊ ဣန္ဒနီဝယ်“ ဟူသော အဖွဲ့၌၎င်း၊ ” သဲခင်းသာဝယ်၊ သီတာကြည်လဲ့၊ ငှက်သံနွဲ့နှင့်“ ဟူသော အဖွဲ့၌၎င်း၊ “ မတန်ယဉ်ဆုံး၊ အင်ဂမုန်းနှင့်၊နန်းသုံးသဇင်၊ ကြိုင်သင်းရွှင်၍“ ဟူသော အဖွဲ့၎င်းဆင်ခြင်ကြည့်နိုင်ပေသည်။
ဆရာတော်၏ ကဗျာ့စွမ်းရည်သည် အံ့ချီးဖွယ် ကောင်းလှသည်။ ကောင်းကင်၌ အရောင်အမျိုးမျိုး အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းနေသော တိမ်တို့၏ တင့်တယ်ဟန်ကို “တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရမ်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ညိုခဲ့တလီ၊ ရီခဲ့တပုံ၊ မှုန်ခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့“ ဟူ၍ ဖွဲ့ဆိုထားရာ ပန်းချီဆရာများပင် နည်းမှီး အတုယူခဲ့ရပေသည်။
ဆရာတော်သည် သဘာဝစာဆို ဖြစ်သည်နှင့်အညီ သဘာဝ အလှကို ရေးဖွဲ့ခဲ့ငြားလည်း လူသားတို့ကိုကား မပစ်ပယ်ခဲ့။ အထူးသဖြင့် လယ်သမား၊ ယာသမားများကို မပစ်ပယ်ခဲ့။ သူ့ကဗျာတွင်တောတောင်အရပ်ဒေသ၌ သူ့နည်းတူ မထင်မရှားနေကြသော တောင်ပေါ်သား တောင်ယာသမားများ၏အမူအရာကို ထည့်သွင်း ဖွဲ့ဆိုထားပေသည်။
ဆရာတော်သည် တောတောင် အရပ်ဒေသ၌ လှည့်လည်သီတင်းသုံးနေထိုင်စဉ် ကရင်တောင်သူများကိုလည်း မြင်တွေ့ရာသည်။ ပလောင်တောင်သူများကိုလည်း မြင်တွေ့ရာသည်။ စိုက်ပျိုးမှုလုပ်ငန်းကို ထိုတောင်သူတို့ အလေးအမြတ်ပြုကာ ပျော်ရွှင်စွာ လုပ်ကိုင်နေကြသည်ကို သတိပြုမိရာသည်။ ထိုအခါ ဆရာတော့်စိတ်၌ မည်သို့ဖြစ်ပေါ်ပါသနည်း။ သူတို့လည်း သူတို့ဘာသာ အလျောက် ကြိုးပမ်းကြပေသည်တကား။ သူတို့၏ အမူအရာသည်လည်း နှစ်သက်ဖွယ်ပါတကား ဟူ၍ ဖြစ်ပေါ်မိရာသည်။ ထို့ကြောင့်လည်း ထိုစိတ်စေတနာကို ကဗျာ၌ ထည့်သွင်းဖွဲ့ဆိုခြင်း ပြုသည်ဟု ယူဆမိပေသည်။
ကဗျာ၌ တောင်ပေါ်သားတို့ တောကြီး တောင်ကြီးထဲ၌ ပျော်ရာပျော်ကြောင်း ကြံဖန် လုပ်ကိုင် စားသောက် နေကြဟန်၊ တောင်သူတို့ဘာဝ မီးရှို့ထားပြီး ဖြစ်သော ယာမြေ၌ မျိုးစေ့များကို တပျော်တပါး စိုက်ပျိုးကြဟန် ဖွဲ့ဆိုထားသည်မှာ
“တောခွင် တောင်ထု၊ ပျော်ကြောင်းလုသည်
တောင်သူ့ဓလေ့၊ ယာမီးကျွေ့သား
မျိုးစေ့မြေနှံ၊ ဒေဝမာန်လျှင်
ညံတခြိမ့်ခြိမ့်၊ဘဝင်စိမ့်မျှ“
တဖန် မိုးဦးကျအခါ၌ တောင်သူတို့ ထွန်ချမင်္ဂလာ ကျင်းပကြဟန်၊ ဘာသာဘာဝအလျောက် ကောက်ပဲအမျိုးမျိုးကို ပျော်မွေ့စွာ စိုက်ပျိုးကြဟန်၊ သူတို့လုပ်ငန်းကို အားကြိုးမာန်တက်ဆောင်ရွက်ကြဟန်၊ သူတို့၏ စွမ်းဆောင်ချက် လုပ်အားကို ဂုဏ်ယူကြဟန် ဖွဲ့ဆိုပြန်သည်မှာ
“ဝဿန်ကာလ၊ ရာသီစဝယ်
ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း
ဘာသာဓလေ့၊ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို
အားကြိုးလုံ့လ၊ ဂုဏ်စွမ်းပြလျက်“
ထို့ပြင် တပေါင်းလတွင် ဖက်ဆွတ်မိုးသည် တောတွင်းရှိ သစ်ပင်မှ ဖက်များ၊ အရွက်များကို တွန့်ခွေ ကျိုးကျသွားအောင် ရွာချဟန်၊ ထိုမိုးသည် ရွက်ကျင် ရွက်နာများကို ရေရိုးတလျှောက် ယူဆောင်သွားဟန်၊ ထိုရာသီတွင် နေမင်းထွန်းလင်းသည်နှင့် တပြိုင်တည်း ပလောင်အမျိုးသားတို့သည် ချိန်ခွင်တမျှညီနေအောင် တောင်ယာများကို တသသမွမ်းမံဇကြဟန် ဖွဲ့ဆိုလေသည်။
“မြိုင်ခြေအပြင်၊ စုံတခွင်က
ရွက်ကျင်ခွေကျိုး၊ ဖက်ချွေမိုးမူ
ရေရိုးယူဆောင်၊ မိန်တန်ဆောင်မှ
ပလောင်တောင်သ၊ ချိန်တမျှကို“
ဤအဖွဲ့အနွဲ့တို့တွင် တောင်ပေါ်သား တောင်ယာသမားများ၏ အမူအရာကို အထင်အရှား မြင်နိုင်သည်။ သူတို့သည် တောင်ယာလုပ်ငန်းကို ချစ်ခင်မြတ်နိုးစွာ ကြိုးပမ်း လုပ်ဆောင်သူများဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်သည်ကိုလည်း မြတ်နိုးဂုဏ်ယူတတ်ကြသည်။ သူတို့ လုပ်ထားသော ယာများကို တသသ မွမ်းမံခြင်းလည်း ပြုတတ်ကြသည်။ ချစ်ခင်မြတ်နိုးဖွယ်ရာ အမူအရာတို့ပင်တည်း။ ထိုအမူအရာတို့ကို ဆရာတော် မြင်တတ်သည်မှာချီးကျူးဖွယ်ပင်။ တဖန် ထိုအမူအရာတို့ကို ကဗျာ၌ ပါရှိအောင်ထည့်သွင်း ဖွဲ့ဆိုနိုင်သည်မှာလည်း ချီးကျူးဖွယ်ပင်။
စင်စစ် တောလားဆိုသည်မှာ တောတောင်၏ အခြေအနေအလားအလာကို ဖွဲ့ဆိုသော ကဗျာသာဖြစ်သည်။ ဤတွင် တောတောင်ရေမြေတည်းဟူသော သဘာဝအလှကို ဖွဲ့နွဲ့မှုသည် အဓိကဖြစ်ပေသည်။ ထိုမှ တပါး ယခု တောလားတွင် ဆရာတော်မဏ္ဍိုင် ပြုထားသော အကြောင်းအရာမှာလည်း ဗုဒ္ဓမြတ်စွာဘုရားသခင် ကပိလဝတ်ပြည်သို့ တောလမ်းတလျှောက် ဖြတ်သန်းကြွချီပုံ အကြောင်းအရာဖြစ်သည်။ သို့စဉ်လျက် ဆရာတော်သည် သူတွေ့မြင်ဆက်ဆံခဲ့ဘူး၍ လေးစားချစ်ခင်ခြင်းရှိခဲ့သော တောင်ပေါ်သား တောင်ယာသမားတို့၏ လေးစားချစ်ခင်ဖွယ် အမူအရာတို့ကိုသူ၏ တောလားတွင် ထည့်သွင်းဖွဲ့ဆိုခြင်းပြုခဲ့ပေသည်။ ဆရာတော်ကို ထူချွန်ပါပေသည်၊ ဥာဏ်ခံကြီးကျယ်ပါပေသည်၊ စေတနာမွန်မြတ်ပါပေသည်ဟု ဆိုသင့်ပေသည်။
မြန်မာစာပေလောကတွင် တောင်ပေါ်သား တောင်ယာသမားတို့၏ အမူအရာကို ဖွဲ့ဆိုသောစာဆိုတို့ နည်းပါးခဲ့သည်။ ထိုနည်းပါးသော စာဆိုတို့တွင် ရှင်ဥတ္တမကျော်သည် ရှေ့ပြေးဖြစ်သည်ဟု ယူဆမိပေသတည်း။


မင်းယုဝေ
(၁၉၆၄)
တိုက်စိုး၊ မင်းယုဝေ ၏ မြန်မာစာမိတ်ဖွဲ့ စာအုပ်မှ-

အင်းဝခေတ် ရှင်မဟာသ

ပထမအင်းဝခေတ် ပေလေးပင်၊ ရှင်လေးပါး-ဟူ၍ စာပေတွင် ထင်ရှားကျော်ကြားသော ရဟန်းစာဆို ရှင်လေးပါးဖြစ်သော-
(၁) ရှင်မဟာသီလဝံသ
(၂) ရှင်အဂ္ဂသမာဓိ
(၃) ရှင်မဟာရဋ္ဌသာရ
(၄) ရှင်ဥတ္တမကျော်
စာဆိုရှင် ပုဂ္ဂိုလ်လေးပါးတွင် ရှင်မဟာသီလဝံသ ပါဝင်တော်မူသည်။

ပထမအင်းဝခေတ် နရပတေ့မင်း လက်ထက်က စာပေကျမ်းဂန်တို့တွင် တတ်မြောက်တော်မူသော ထိုစာဆိုရှင်လေးပါးကို ကိုးကွယ်တော်မူသည်။ ထိုအင်းဝခေတ်တွင် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု သီဆိုမှုတို့ ထွန်းကားတိုးတက်လျက်ရှိသည်။

ထိုခေတ်တွင် စာပေပညာအရာ၌ တတ်မြောက်ကြသော စာဆိုရှင်များမှာ ပထမမင်းခေါင်ကြီး၊ အဲဒူမင်းညို၊ ရခိုင်မင်းသမီး၊ ရှင်ရဲသူ၊ သခင်ထွေး၊ ရှင်ထွေးညို၊ ရှင်ဥတ္တမကျော်၊ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်ခေမာ၊ ရှင်အုံးညို၊ ဝံတော်လယ်ဘုန်းကြီး၊ ကန်တော်မင်းကျောင်းဆရာတော်၊ အရှင်တေဇောသာရ၊ ရှင်အဂ္ဂသမာဓိ၊ ရှင်ဣန္ဒဂုတ္တ၊ မိညို၊ မိဖြူ-တို့ ဖြစ်ကြပါသည်။

ရှင်မဟာသီလဝံသ ရေးသားသောစာပေများမှာ-
(၁) ပါရမီတော်ခန်းပျို့
(၂) ဆုတောင်းခန်းပျို့
(၃) တောင်တွင်းလားပျို့
(၄) ဗုဒ္ဓုပ္ပတ္တိပျို့
(၅) ဓမ္မပါလပျို့
(၆) ရာဇဝင်ကျော်
(၇) ပါရာယနဝတ္ထု
(၈) မဟာရဟနီတိ
(၉) ရွှေနနန်းကြော့ရှင် နန်းဘွဲ့မော်ကွန်း
(၁၀) တံတားဦးတည် မော်ကွန်း
(၁၁) မိတ္ထီလာ သျှိသျှားကန်ဘွဲ့ မော်ကွန်း
(၁၂) ထူပါရုံဘုရား ကျောက်စာ
(၁၃) ရတနာဗိမာန်ကျောင်း ကျောက်စာ စသည်တို့ ဖြစ်ပါသည်။


ပါရမီတော်ခန်းပျို့တွင် အနုမာန၊ မျက်ရမ်းဆ၊ လမ်းရိုးဟောင်းထွင်၊ ဆင့်ကာထွင်လို့၊ သုတ်သင်ကာမျှ၊ လွယ်ကာရ၊ ပခုံးညွန့်ဖူး၊ စစ်မြေမှူး၊ ခြေသုတ်ပဆိုး၊ မြွေစွယ်ကျိုးနှင့်၊ ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍား၊ အကျယ် အကျယ်၊ မငြိမ်းဖွယ်၊ စကားသစ္စာ၊ မှန်သောကာလ၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ ခွဲဝေကြောင်းဖြာ၊ နှီးသို့ဖြာ-ဟူ၍ ဖွဲ့နွဲ့စပ်ဆိုထားသည်။


ထိုစာပိုဒ်မှ “ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုး၊ ချိုကျိုးနွားလား၊ ဒွန်းစဏ္ဍား၊ အကျယ်အကျယ် မငြိမ်းဖွယ်-ဟူသော စကားရပ်များကို လူအများက ယခုတိုင် ပုံခိုင်းပြောဆိုလေ့ရှိသည်။

ရှင်မဟာသီလဝံသသည် ရှင်ဥတ္တမကျော်နှင့်အတူ တောင်တွင်းကြီးမြို့ အရှေ့မြောက် ထူပါရုံဘုရားနှင့် ငှက်ပစ်တောင်တောရအနီး ထူပါရုံကျောင်းတွင် ငယ်စဉ်ကာလကပင် စာပေကျမ်းဂန်တို့ကို သင်ကြားတော်မူသည်။


သက္ကရာဇ် (၇၆၃-၇၈၃)ခုနှစ် နန်းတက်သော ပထမမင်းခေါင်လက်ထက်တွင် ရှင်မဟာသီလဝံသသည် အင်းဝမြို့ကိုရောက်ရှိရာ ဘုရင်ကိုးကွယ်မှုကို ခံယူရရှိသည်။
“တောင်းကိုမဖောက်၊ တောင်ကိုဖောက်၊ စိန်ကျောက်အသွင် သီလဝံ”ဟု အင်းဝခေတ်တွင် ထင်ပေါ်ကျော်ကြားသော ရှင်မဟာသီလဝံသသည် သက္ကရာဇ်(၈၁၅)ခုနှစ်တွင် မွေးဖွားပြီး သက္ကရာဇ်(၈၈၀)ခုနှစ် သက်တော် (၆၅)နှစ်တွင် ပျံလွန်တော်မူသည်။


ရှင်မဟာသီလဝံသ၏ အရိုးအိုးပြာသာဒ်သည် စစ်ကိုင်းမြို့မှ ရွှေဘိုမြို့သို့သွားသော ကားလမ်း ပန်းပဲတန်းရပ် ကားလမ်းဘေးတွင် မြေအကျယ် ၂၅-ပေခန့်ရှိ မြေကွက်လပ်၏ အလယ်တည့်တည့်တွင် အမြင့်ပေ ၁၅-ပေခန့် မြင့်သော အုတ်ပြာသာဒ် တည်ဆောက်ထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ရေးသားတင်ပြ လိုက်ပါသည်။

မောင်လဲ မင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက် ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့ မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””
အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်းပြန်ပြောရှာပါတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးက စဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး ““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

ရင်ကျပ်အမော သက်သာပျောက်ကင်းဆေး

ဆေးနည်းမှာ---
ဝါးစေ့ နှင့် ပရန္န၀ါ ပဉ္စငါးပါးကို အမှုန့်ပြုကာ လျက်ဆားကဲ့သို့ လျက်ပေးရန် ဖြစ်ပါသည်။

ဝါးစေ့ဆိုသည်မှာ ၀ါးများ သုဉ်းခါနီးတွင် အသီးများ သီးကြပါသည်။ ၀ါးသီးများ သီးပြီး ထိုဝါးများ သေကုန်ကြပါသည်။ ထိုဝါးသီးများထဲမှ အဆန်ကို ဆိုလိုပါသည်။

စာရေးသူ ဆေးမည်များစု၍ ဖော်စားပါသည်။ ဆေးမှာ တခြား ဆိုးကျိုးမရှိပါ။ စာရှုသူများလည်း ငွေကုန်ကြေကျမရှိ လူမပန်းသော ဆေးနည်းကို သိရှိ အသုံးပြုနိုင်ရန် ဖော်ပြပါသည်။

ဆေးနည်းပြောပြသော တောင်တွင်းကြီးမြို့နယ် ပတ်လည်ကြီးရွာမှ ဦးကျော်ဟိန်းအား ကျေးဇူးတင်ပါကြောင်းခင်ဗျား။
အားလုံး ကျန်းမာချမ်းသာကြပါစေ။

သွားကိုက်သွားနာ

သွားကိုက်၊ သွားနာ၊ သွားပိုးစား၊ ရေစီးကမ်းပြို စသည့် သွားဝေဒနာအမျိုးမျိုး ပျောက်ကင်းသက်သာစေရန် ဖန်ခါးသီးအစို (သို့မဟုတ်) ဖန်ခါးသီးအခြောက် (၃)လုံးခန့် ထုထောင်းပါ။
လေးညှင်းပွင့် (၃)ပွင့်ခန့် ရော၍ ထုထောင်းပါ။
ဆားအနည်းငယ်ထည့်ပါ။

ဖန်ခါသီး၊ လေးညှင်းပွင့် ထုထောင်းအဖတ်များကို ဖန်ခွက်ကြီးတွင်ထည့်၍ ရေနွေးကျက်ကျက်ဆူ လောင်းထည့်ပါ။ ဖန်ခွက်ကြီး တ၀က်ခန့် ရေနွေးလောင်းထည့်ပါ။ ဖန်ခွက်အဖုံး ပိတ်ထားပါ။

အနည်းငယ် အအေးခံကာ ပလုတ်ကျင်း၍ ရလောက်သောအချိန်တွင် ဖန်ခါးသီး၊ လေးညှင်း၊ ဆား ရောထားသော ရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။ မကြာခဏ ပြုလုပ်ပေးခြင်းအားဖြင့် သွားကိုက်၊ သွားနာ၊ ရေစီးကမ်းပြို၊ သွားပိုးစားခြင်း ဝေဒနာများ သက်သာပျောက်ကင်းပါသည်။

သွားပိုးပေါက်အတွင်းသို့ ဖန်ခါးသီး၊ လေးညှင်း၊ ဆား ရောထားသော ပြုတ်ဖတ်ကလေးများကို (၃)မိနစ်ခန့် ထည့်ပေးထားပါ။ ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက သွားပိုးစား၊ သွားကိုက်ခြင်း ဝေဒနာ သက်သာပျောက်ကင်းပါသည်။
ဖန်ခါးသီး၊ လေးညှင်း၊ ဆား၊ ကျောက်ချဉ်မှုန့်ကလေးများကို ထုထောင်းရောနှော၍ ရေနွေးကျက်ကျက်ဆူ ထည့်ထားသော အအေးခံ အရည်ကို ငုံပေးပါက သွားဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်းပါသည်။

သွားဝေဒနာမှ ကင်းဝေးကြပါစေ။

ဆံပင်အတွက် ဆေးတလက်

စာရေးသူဟာ ငယ်ရွယ်သူဖြစ်တဲ့အတွက် ဆံပင်ကို အမျိုးမျိုး ပြုပြင်ပြီး နေပါတယ်။ ဆံပင်မဖြူဘဲနဲ့လဲ အနက်ဆေးဆိုးပါတယ်။ တခါ သူများတွေနီပြန်တော့ လိုက်နီလိုက်ပါတယ်။ အ၀ါပေါ်ပြန်တော့ ထပ်ဝါလိုက်ပါသေးတယ်။ ဆံပင်ကိုလဲ တပတ်တခါ ခေါင်းလျှော်ပြီးတိုင်း ဖြောင့်စက်နဲ့ ဖြောင့်ပါတယ်။

တနှစ်ကျော် ကြာလာတဲ့အခါမှာတော့ စာရေးသူရဲ့ ဆံပင်တွေဟာ နီကြောင်ကြောင်နဲ့ ပါးပါးလေး ဖြစ်လာပါတယ်။ ဒါကြောင့် ဆံပင်ကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်ပါတယ်။
အခုတော့ စာရေးသူရဲ့ ဆံပင်ဟာ အရင်လို သန်စွမ်းနက်မှောင်လာပါပြီ။ ဘာကြောင့်လဲဆိုတာကို အခု တင်ပြပါ့မယ်။

တနေ့မှာ စာရေးသူရဲ့ အဘွာေးလးတော်သူ အမေတင်ဟာ ရန်ကုန်မြို့မှ စာရေးသူတို့ထံ အလည်ရှောက်ရှိလာ ပါတယ်။ နောက်တနေ့ နေ့လယ်မှာ စာရေးသူနဲ့ အမေတင် စကားပြောရင်း အမေတင့်ခေါင်းက ဆံပင်ကို သတိထားမိလိုက်ပါတယ်။

အမေတင် ဆံပင်တွေ မဖြူတော့ပါလား၊ ဆေးဆိုးထားတာလား-ဟု မေးလိုက်ပါတယ်။
အမယ်လေးအေ၊ အသက်ကြီးမှတော့ ဆေးမဆိုးပါဘူး။
ဒါဖြင့် ဘာလို့နက်နေတာလဲ အရင်တုန်းက ဖြူနေတဲ့ဟာကို၊
ဒါကတော့ ကိုယ့်နည်းနဲ့ကိုယ်ပေါ့၊
နည်းကောင်းရှိရင် ပြောပြပါဦး။
သမီးဆံပင်တွေလဲ ပျက်စီးနေလို့။

ညည်းတို့က ခေတ်ပေါ်နည်းတွေ လျှောက်လုပ်တာကိုး၊ ပျက်မှာပေါ့။ ဒါပေမယ့် မပူပါနဲ့၊ အခု အဘွားပြောပြတဲ့နည်းကို (၆)လလောက် လုပ်ကြည့်ပါ။ အရင်လို ပြန်ဖြစ်လာပါလိမ့်မယ်။

ဆေးနည်းက လွယ်ပါတယ်။ ဘာမှမခက်ပါဘူး။
အရင်ဆုံး အိမ်သုံးလက်ဖက်ခြောက် (အဖန်ခြောက်)ကို ဒယ်အိုးထဲထည့်ပြီး တူးခြစ်သွားအောင် လှော်ပါ။ ပြီးရင် ညက်မှုန့်နေအောင် ထောင်းပါ။ ပြီးရင် ပန်းကန်ထဲထည့်ပြီး အုန်းဆီနဲ့ ဖျော်ပါ။ ပြီးရင် ဒန်အိုးထဲ ရေထည့်ပါ။
အလယ်ကောင်မှာ အုန်းဆီနဲ့ လက်ဖက်ခြောက်မှုန့် ဖျော်ထားတဲ့ ပန်းကန် ထည့်ပြီး ဆီပွက်လာတဲ့အထိ ပေါင်းပါ။
ဆီပွက်ရင် မီးဖိုမှချပြီး အအေးခံကာ လေလုံသောပုလင်းထဲသို့ ထည့်ပြီး နေ့စဉ် မှန်မှန်လိမ်းပေးပါက ဆံပင်များ နက်မှောင်သန်စွမ်းလာပါလိမ့်မယ်။ ဖြူသောဆံပင်လဲ နက်လာပါလိမ့်မယ်။

ဆေးဆိုးစရာ မလိုပါ။ ဆေးဆိုး၍ ဆံပင်များ နီကြောင်ကြောင် ဖြစ်နေပါက ဤနည်းကို ယုံကြည်စွာ လုပ်ကြည့်ပါ။ နဂိုအတိုင်း ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

နိုင်ငံတကာ အတွေးအခေါ် ဟာသများ

မင်းကြိုက်ရာကို ရွေး

ကျောင်းပြေးတဲ့ ကျောင်းသားတယောက်ကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးခန်းမှာ ခေါ်ပြီး-
မင်း---မနေ့က ကျောင်းပြေးပြီး ရေကူးနေတယ်ဆို၊
ဟုတ်ပါတယ် ဆရာကြီး
မင်းမှာ အပြစ်ရှိသလား
ရှိပါတယ် ဆရာကြီး
မင်းကို အပြစ်ပေးမယ်၊ ဒါပေမယ့် ပထမဦးဆုံးအကြိမ် ကျောင်းပြေးတယ်ဆိုတော့ ငါ မင်းကို ရွေးချယ်ခွင့်ပေးမယ်။ ထိုင်ထ အကြိမ်(၁၀၀) လုပ်ရမယ်။ ဒါမှမဟုတ်ရင် ကြိမ်ဒဏ်(၅)ချက် ရိုက်မယ်။ မင်း ကြိုက်ရာကို ရွေးပေတော့။

ကျွန်တော် ဘယ်ဟာမှမကြိုက်ပါဘူး ဆရာကြီး-လို့ ပြန်ပြောလိုက်ပါတယ်-တဲ့။
**************************************************************************************************

ဒီလိုလုပ်လိုက်ပါ

တခါက ဟင်နရီဟာ သူငယ်ချင်း လင်မယား အိမ်ကို ရောက်လာပါတယ်။ ကလေးငိုလွန်းနေလို့ မေးကြည့်တော့---
ကလေးက ဘာဖြစ်လို့လဲ
အလကား ဂျီတိုက်နေတာပါ၊ မျက်စိမှိတ် မအိပ်ဘူး
ဒါဆို လွယ်ပါတယ်၊ ဒီကလေးကို အိပ်အောင် နေရောင်အောက်မှာ ပက်လက်လှန်ထားလိုက်၊
ဟေ---ဘာဖြစ်လို့လဲ
နေထိုးရင် မျက်စိဖွင့်မရလို့ မကြာခင်မှာ အိပ်သွားလိမ့်မယ်၊ စိတ်ချ-လို့ ပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

အပြန်လမ်း

လက်ဝှေ့သမား နှစ်ယောက်ဟာ အ၀တ်စားလဲခန်းကနေထွက်ပြီး စင်မြင့်ရှိရာကို လျှောက်လာကြပါတယ်။
နည်းနည်းလှမ်းတော့ အတော်ကလေးကြာအောင် လျှောက်နေရတယ်။ ရှေ့ကလျှောက်သွားနေတဲ့ လက်ဝှေ့သမားက---

စင်မြင့်နဲ့ အ၀တ်လဲခန်းက အဝေးကြီးပါလား--
လို့ အမှတ်မထင် ညည်းညူပြောဆိုလိုက်ပါတယ်။ နောက်မှာ ရှိနေတဲ့ ပြိုင်ဘက်လက်ဝှေ့သမားက ကြားသွားတဲ့အခါမှာ---

ပူမနေပါနဲ့ကွာ--အပြန်မှာ မင်း လမ်းမလျှောက်ရတော့ပါဘူး။ ထမ်းစင်နဲ့ တင်ခေါ်လာမှာပါ-လို့ လှမ်းပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

ဓားကြော်ငြာ

တခါက မြို့ကိုဘုရားဖူးလာတဲ့ ဧည့်သည်တယောက်ဟာ ဓားဝယ်ဖို့ ဓားတန်းကိုရောက်လာပါတယ်။ ဓားရောင်းတဲ့သူတွေဟာ အလွန့်ကို အပြောကောင်းလှပါတယ်။

ဟောဒါက ယိမ်းနွဲ့ပါးဓားရဲ့ မျိုးဆက်ပြတ်မသွားအောင် ထိန်းထားတဲ့ဓားပဲ။ နိုင်ငံခြားမှာတောင် မရှိဘူး။
ရေကို မခုတ်အောင်ဘဲ သတိထား အသွားတွေ လိပ်သွားတတ်တယ်။
ဟောဟို ရွှေကျင်ဓားကတော့ အသားကိုလှီးတာတောင် သွေးမထွက်ဘူး-လို့ အာမခံတယ်။
ဘေးဆိုင်က လူကြီးဟာ နားငြီးလာတာကြောင့်
မြန်မြန် ၀ယ်သွားစမ်းပါဗျာ၊ အိမ်ရောက်ရင် တိုဟူးအစိမ်းကို အံကြိတ်ပြီး လှီးနေရမှာ မြင်ယောင်တယ်-လို့ ပြောလိုက်ပါတယ်-တဲ့။
***************************************************************************************************

အကြံကောင်း

ရုံတရုံးမှာ ဂျုံးဆိုတဲ့ အမျိုးသမီး စာရေးမ တယောက်ရှိပါတယ်။
သူ့ရဲ့ကိုယ်ပိုင် ဘောလ်ပင်၊ စာအုပ်ကူးတဲ့စက် အစရှိတဲ့ ပစ္စည်းတွေကို ငှါးငှါးသုံးပြီး ပြန်ပေးဖို့ မေ့နေတတ်လို့
ဂျုံး-က ထင်ထင်ရှားရှား ကမ္ပည်းရေးထိုးထားပါတယ်။

ဒါပေမယ့် ရုံးဝန်ထမ်းတွေက စည်းကမ်းမရှိ နေထိုင်တဲ့အလေ့အထကို မပျောက်နိုင်သေး။
တလခန့်ကြာလို့ သူမက ပစ္စည်းတွေကို စစ်ဆေးကြည့်တဲ့အခါမှာ
ဂျုံး-ထံမှ ခိုးထားသည်-
ဆိုတဲ့ စာတန်း ရေးထိုးထားတာကို တွေ့ရတယ်-တဲ့။

ပည်တွင်းဖြစ် ဟာသများ

ဟန်ဆောင်လူနာ---
ဒေါက်တာ ပြီးခဲ့တဲ့အပတ်က ဖျားချင်ယောင်ဆောင်ပြီး ဆေးရုံလာတက်တဲ့လူုနာကို မှတ်မိလား...
အင်း...မှတ်မိပြီ၊ ဘာလဲ သူ အမြင်မှန်ရသွားပြီလား...

ဆုံးပြီ။
**************************************************************************************

ကလေးအသစ်---
ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကိုကြည့်၍
အင်း...ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ ကလေးအသစ်ထပ်ရအောင် လုပ်ရင် ကောင်းမလား။
***************************************************************************************

ပုံစံတူ---
ဟိုရှာ ဒီရှာ ရှာနေသူတယောက်အား ကျန်တယောက်က..
ဘာရှာနေတာလဲဗျ...
တထောင်တန် တရွက် ပျောက်နေလို့ဗျ၊
ဟေ့လူ...ဒါ ကျုပ် တထောင်တန်နော်...
ဟုတ်လား...ကျုပ်တထောင်တန်နဲ့ တပုံစံတည်းပဲနော်။
****************************************************************************************

မိန်းမ ညီမျှခြင်း စောင်---
မိန်းမဆိုတာ ဘာနဲ့တူသလဲဗျ အနီးစပ်ဆုံး...

စောင်နဲ့ တူတာပေါ့၊
ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် အေးလာပြန်ရော။
****************************************************************************************

သာတဲ့အချက်---
မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
****************************************************************************************

ကံကောင်းသူ---
အချစ်ရေးမှာ ကံကောင်းတဲ့သူ ဆိုတာ ဘယ်လိုလူမျိုးတွေလဲဗျ။

လူပျိုကြီး အပျိုကြီးတွေလေ။

ဦးနှောက်ဆိုင်ရာ အသိပညာပေး အာဟာရများ

(၁) တရားသောသူများ၏ လုပ်ဆောင်မှုများသည်သာလျှင် မွှေးကြိုင်သင်းပျံ့ပြီး မြေပေါ်သို့ကြွေခသော်လည်း ထာဝစဉ်ပွင့်လန်းနေပါလိမ့်မည်။
ရှယ်လီ

(၂) ဘဝဟူသည် တိုက်ပွဲဖြစ်သည်။
ဆီနီကာ

(၃) လူတိုင်းလူတိုင်း မိမိနေထိုင်ရာခေတ်၏ သားကောင်များ ဖြစ်တတ်ပါသည်။ လူအချို့သာလျှင် မိမိခေတ်၏ အတွေးအခေါ်များကို ထိုးဖောက်ကျော်လွှားနိုင်ပါသည်။
ဗော်လတဲယား

(၄) သတ္တိအား နည်းပါးသူများသည် ပိုမို၍ ကောက်ကျစ်ကြသည်။
ဝီလျှံဘလိတ်

(၅) ငွေသည် ဘာမဆိုဖွင့်နိုင်သော သော့တချောင်းဖြစ်သလို နိုင်ငံကူးလက်မှတ်လည်း ဖြစ်၏။

(၆) တရားစီရင်ရေး၏ လောက်ကောင်သည် အူမ မတောင့်သော တရားသူကြီးပင်ဖြစ်သည်။ 
စပိန်စကားပုံ

(၇) လူတွေအကြောင်းကို သိလေလေ ခွေးများကို ပိုမိုချစ်လေလေ ဖြစ်သည်။
မဒမ်ရိလင်း

(၈) အလုံးစုံသော မွေ့လျော်ခြင်းတို့တွင် စာအုပ်စာပေဖြင့် မွေ့လျော်ခြင်းသည် အမြတ်ဆုံးဖြစ်၏။
သခင်ကိုယ်တော်မှိုင်း

(၉) အချိန်သည် ရွှေဖြစ်၏၊ အချိန်သည် ငွေဖြစ်၏၊ ထို့ကြောင့် အချိန်သူဌေး မဖြစ်ပါစေနှင့်။
ဟိန်းဇေ

(၁၀) တတိယကမ္ဘာစစ် ဘယ်တော့ဖြစ်မည်ကို ကျွန်ုပ် မပြောနိုင်ပါ။ သို့သော် စတုတ္ထကမ္ဘာစစ်တွင်ကား လူများသည် တဦးနှင့်တဦး ကျောက်ခဲလက်နက်များဖြင့် ပစ်ပေါက်ကြလိမ့်မည်။
အိုင်းစတိုင်း

(၁၁) စကားတွေပြောနေရုံနဲ့တော့ ထမင်းအိုးက ကျက်မှာမဟုတ်ဘူး။
တရုတ်စကားပုံ

(၁၂) အသိပညာ ဉာဏ် ဗဟုသုတရှိသူသည် သုံးသင့်သောစကားလုံးထက် စကားလုံးများကို အပိုမသုံးပါ။
ပညာရှင်တဦး

၃ ) သုဝဏ္ဏသာမ ဇာတ်တော်ကြီး

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
တတိယစကားလုံးဖြစ်သည့် (သု) ဟူသည်မှာ သုဝဏ္ဏသာမ-၏ ဘ၀အကြောင်းကို ဆိုလိုသည်။


ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိက၀တ်ပြုထားကြလေသည်။

တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။

မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ၀ိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။

ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ၀တ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။

သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ၀မ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောက်ျားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။

ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။

သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။

ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။

သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ၀ိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။

ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏။
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။

ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။

ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။

ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။

သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။

မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘ၀၌၄င်း၊ သံသရာ၌၄င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။

( ၂ ) မဟာဇနကဇာတ်တော်ကြီး

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
ဒုတိယစကားလုံးဖြစ်သည့် (ဇ) ဟူသည်မှာ မဟာဇနက-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။


ရှေးအခါက မိတ္ထီလာပြည်တွင် စိုးစံသည့် အရိဋ္ဌဇနကမင်းနှင့် ညီတော် အိမ်ရှေ့စံမင်းသား ပေါလဇနကတို့သည် တပါးနှင့်တပါး အထင်အမြင်လွဲမှားကြပြီး စစ်ထိုးကြလေသည်။ ထိုစစ်ပွဲတွင် နောင်တော်ဘုရင်ကြီး ကျဆုံးလေသောကြောင့် ကိုယ်ဝန်အရင့်အမာရှိသော မိဖုရားသည် ဆင်းရဲသူမယောင်ဆောင်ပြီး ထွက်ပြေးလေရာ ကာလစမ္ပါနဂိုပြည်သို့ ရောက်သွား၏။

မြို့ပြင်ဇရပ်တခုတွင် ရပ်နားနေခိုက် ဒိသာပါမောက္ခဆရာကြီးနှင့် ဆုံမိ၍ အကျိုးအကြောင်းပြောပြသဖြင့် ပါမောက္ခကြီးက ကြင်နာသနားစိတ်ဝင်ကာ အိမ်တွင်နေထိုင်ရန် လက်ခံထားလိုက်လေသည်။ များမကြာမီ မိဖုရားကြီးတွင် သားတော်တပါး ဖွားမြင်လေရာ မဟာဇနကဟု အမည်ခေါ်တွင်စေလေသည်။
ကျောင်းနေစဉ် အခြားကျောင်းသားတချို့က မင်းသားလေးအား မုဆိုးမသား-ဟု မကြာခဏ လှောင်ပြောင်ကြရာ မခံမရပ်နိုင်ဖြစ်သဖြင့် မယ်တော်မိဖုရားကြီးအား မေးလေရာ သားတော်မှာ ငယ်ရွယ်သူဖြစ်နေသေး၍ ပထမသော် လှည့်ပတ်ပြောဆိုထားသော်လည်း အချိန်အရွယ်ရောက်လာသောအခါ၌ကား ဖြစ်ရပ်ကုန်စင် ဖွင့်ဟပြောလိုက်လေသည်။

ထိုနေ့မှစ၍ မဟာဇနကမင်းသားလေးသည် မိမိ၏ဘ၀မှန်ကို သိရှိပြီး ထီးစိတ်နန်းစိတ် ဇာတိမာန်ပေါ်လာကာ ဖခမည်းတော်၏ ထီးနန်းကို မတရားသိမ်းပိုက်ထားသော ဦးရီးတော်ပေါလဇနကကို စစ်ခင်းတိုက်ခိုက်ပြီး ထီးမွေနန်းမွေကို ပြန်ရအောင်လုပ်ရမည်ဟု ကြံစည်ကာ မယ်တော်ပါလာခဲ့သောပစ္စည်းများကိုယူ၍ တိုးပွားအောင်ပြုလုပ်ရန် သင်္ဘောကုန်သည်များနှင့် အတူ ထွက်သွားလေသည်။

မင်းသားလေးလိုက်ပါသွားသော သင်္ဘောသည် ပင်လယ်သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ် သောကြောင့် အက်ကွဲ ရေ၀င်ပြီး တဖြည်းဖြည်း နစ်လေရာ အခြားသောကုန်သည်များသည် ကြောက်အားလန့်အားဖြင့် ရေထဲသို့ ခုန်ချကြလေသည်။

သတိကြီးသော မဟာဇနကမင်းသားကား စိတ်အေးအေးထားကာ အားအင်ပြည့်စေမည့် ထောပတ်များကို စား၏။ အင်္ကျီပုဆိုးများကိုလည်း ရေလုံစေရန် ထောပတ်များဖြင့် လူးလိုက်၏။ ထို့နောက် ဘုရား တရား သံဃာ မိဘ ဆရာသမားများကို ရည်စူး၍ ကန်တော့တိုင်တည်ပြီး သီလဆောက်တည်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးမှ-
ရွက်တိုင်ထိပ်ဖျားသို့တက်သွားကာ ငါးမန်း ငါးတန်များ လွတ်ရာဖက်သို့ ရှိသမျှအားယူလျက် ခုန်ချလိုက်၏။

ဇွဲ လုံ့လ ၀ီရိယ ကြီးစွာဖြင့် နေ့ရောညပါ မနေမနား ကူးခတ်ရာ ရေမျောပါလာသော အစားအစာတွေ့လျှင်ပင် နေ့လွဲညစာဖြစ်နေက သီလအပျက်မခံဘဲ စိတ်တင်းကာ မစားဘဲနေလေသည်။
မဟာဇနကသည် ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်-ဟု ဇွဲကြီးစွာဖြင့် ကူးခတ်ရင်း ခုနစ်ရက်မြောက်သော နေ့၌ သမုဒ္ဒရာပင်လယ်ပြင်တွင် ဒုက္ခကြုံနေသော သူတော်ကောင်းများကို ကူညီရန် တာဝန်ရှိသော မဏိမေခလာနတ်သမီးက ပွေ့ချီကာ မိတ္ထီလာပြည် ဥယျာဉ်တွင်းရှိ ကျောက်ဖျာထက်၌ သိပ်ထားပြီး အ၀တ်ခြုံထားခဲ့၏။

(ထိုနေ့သည်ကား) မိတ္ထီလာပြည်နန်းတွင်း၌ ပေါလဇနကမင်းကြီး နတ်ရွာစံပြီး ခုနစ်ရက်မြောက်သောနေ့ဖြစ်၏။ ထီးမွေနန်းမွေခံရန် သားတော်မရှိသဖြင့် ဖုဿရထားလွှတ်ရန် စီစဉ်နေကြသည်။
ဖုဿရထားသည် ရွှေနန်းတော်ကို လက်ယာရစ် သုံးပတ်ပတ်၍ မြို့တွင်းသို့လှည့်ပြီးလျှင် မမျှော်လင့်ဘဲ မြို့တံခါးမှ မြို့ပြင်သို့ ထွက်သွားသဖြင့် တာဝန်ကျသော မှူးမတ်ခြွေရံများမှာ ရင်တမမဖြင့် ပြေးလိုက်ရတော့သည်။

ဥယျာဉ်တော်အတွင်းရှိ မဟာဇနကမင်းသား အိပ်ပျော်နေသော ကျောက်ဖျာသို့ ဖုဿရထားဆိုက်ရာ ထိုက်တန်သူမင်းသား ဟုတ်-မဟုတ် စမ်းသပ်လို၍-
တူရိယာပညာရှင်များ တပြိုင်နက်တီးမှုတ်၍ ပြိုင်တူထွက်ပေါ်လာသော တူရိယာသံများကြောင့် နိုးလာသော်လည်း မင်းသွေးပင်ဖြစ်သဖြင့် မဟာဇနကမင်းသားမှာ တုန်လှုပ်ခြင်းမရှိဘဲ မျက်စိဖွင့်ကြည့်ကာ ပရိသတ်ကြီးကို မြင်သော်လည်း စိတ်အေးလက်အေးနှင့်ပင် နံတောင်းတဖက်သို့သာ ပြောင်းအိပ်လိုက်သည်။

ပုရောဟိတ်ပုဏ္ဏားများက အ၀တ်လပ်နေသော ခြေဖ၀ါးကိုကြည့်ကာ ခြေခဏာဖတ်ကြပြီး ဘုန်းလက်ရုံး ဉာဏ်ပညာနှင့် ပြည့်စုံသော မင်းယောက်ျားပင် ဧကန်ဖြစ်ရမည်-ဟုဆိုကာ မင်းမြောက်တန်ဆာငါးပါး ဆက်ကပ်ဝတ်ဆင်စေလျက် မင်းခမ်းမင်းနားဖြင့် ခေါ်သွားကြလေသည်။

ထို့နောက် ၀တ္တရားရှိသည့်အတိုင်း ပေါလဇနကမင်းကြီး၏ သမီးတော်ထံ အကြောင်းစုံကို လျှောက်တင်စေလေရာ-
သမီးတော်က မင်းလောင်းဆိုသူကို အကဲခတ်လို၍ ထိုသူအား အဆောင်တော်သို့ လာတွေ့ရန် အကြောင်းကြားလေသည်။

အထိန်းတော်က ထိုသို့ အကြိမ်ကြိမ်အကြောင်းကြား လျှောက်တင်သည်ကို မဟာဇနကသည် မကြားလေဟန်ဆောင်ကာ မှူးမတ်များနှင့် စကားပြောမြဲသာ ပြောနေလိုက်သည်။
အထိန်းတော်ကြီးပြန်သွား၍ အတန်ကြာမှသာ မိမိအလိုအတိုင်း ရွှေနန်းဆောင်များသို့ လျှောက်ကြည့်လေဟန်ဖြင့် သွားရာ သမီးတော်သီဝလိဒေ၀ီအဆောင်နား ရောက်လျှင်-
လာရောက်ဦးညွတ်သော သီလ၀ိဒေ၀ီအား ရွှေလက်တော်တွဲ၍ ရွှေပလ္လင်ထက်တွင် ထိုင်လိုက်စဉ် ဦးရီးတော်ပေါလဇနကမင်းကြီး၏ အလိုတော်ကျ မှူးကြီးမတ်ရာများ တင်လျှောက်သော ပြဿနာများကို ဖြေဆိုနိုင်သဖြင့် သမီးတော် သီဝလိဒေ၀ီနှင့် ရွှေဂဟေဆက်၍ နန်းတက်ပွဲသဘင် ဆင်ယင်လေသည်။

မင်းအဖြစ်သို့ရောက်လျှင် ကာလစမ္ပာနဂိုပြည်သို့ရောက်နေသော မယ်တော်မိဖုရားကြီးအား၎င်း၊ ဒိသာပါမောက္ခကြီးအား၎င်း၊ မိတ္ထီလာပြည်သို့ပင့်ကာ သူကောင်းပြု၍ တရိုတသေ ကိုးကွယ်ထားလေသည်။
မဟာဇနကမင်းနှင့် သီဝလိဒေ၀ီမိဖုရားတို့သည် သားတော်တပါးရသောအခါ ၀မ်းမြောက်ဝမ်းသာရှိကြ၍ မြပုခက်တင်ကာ ဒီဃာဝုမင်းသား-ဟု ခေါ်တွင်စေသည်။
ဒီဃာဝုမင်းသားလေး အတတ်ပညာစုံ၍ အသက် ၁၆-နှစ် ပြည့်သောအခါ သူ့ကိုအိမ်ရှေ့မင်းအရာ အပ်နှင်းလေတော့သည်။

တနေ့ မဟာဇနကမင်းကြီးသည် သားတော်ကိုခေါ်ကာ ဥယျာဉ်နန်းသို့ စံမြန်းရန်သွားစဉ် အ၀င်ဝ၌ အသီးများ ပြွတ်သိပ်စွာ သီးနေသော သရက်ပင်ကိုတွေ့ရာ မင်းကြီးနှင့် အိမ်ရှေ့မင်းသားပါ ဆွတ်ခူးစားသောက်ပြီးဖြစ်သဖြင့် နောက်မှပါလာသော ခြွေရံသင်းပင်းများကလည်း ခူးခွင့်ရပြီဖြစ်ရာ သူ့ထက်ငါ ပျော်ရွှင်စွာ ဆွတ်ယူစားသောက်ကြကုန်၏။

သစ်ခက်တဲနန်းတွင် တနေကုန်စံမြန်းပြီးမှ ညနေဘက်၌ ပြန်လာရာ ဥယျာဉ်ဝရှိ ပြွတ်သိပ်စွာသီးနေသော သရက်ပင်မှာ အခက်အလက်များ ကျိုးပဲ့ပျက်စီးနေသည်ကိုတွေ့၍ အကျိုးအကြောင်းကိုမေးလေရာ အသီးရှိသည့်အတွက် ထိုကဲ့သို့ဖြစ်ရကြောင်း ဘေးနားက အပင်ကား အသီးမရှိသည့်အတွက် ထိုကဲ့သို့ မဖြစ်ရကြောင်း လျှောက်တင်ကြလေသည်။

ထိုအချိန်မှစ၍ မင်းကြီးသည် ငါတို့၏ မင်းစည်းစိမ်ကား အသီးပြွတ်စွာသီးနေသော သရက်ပင်နှင့် တူလေစွတကား၊ ရန်သူများနှင့် နေ့စဉ်ဆက်ဆံနေရသော ဘ၀မျိုး ဖြစ်တော့သည်တကား။ ရန်သူနှင့်ကင်းသော အဖြစ်ကား ရသေ့ရဟန်းဘ၀ပင်တည်း။ အသီးလုံးဝမသီးသော သရက်ပင်နှင့်တူ၏။
ငါလည်း သက်တော်ကြီးလေပြီ၊ ထို့ကြောင့် အသက်အရွယ် နုပျိုသေးသော သားတော်ကို ရွှေနန်းစည်းစိမ် အပ်နှင်းကာ ရသေ့ဝတ်လဲ၍ တောထွက်အံ့ဟု မိန့်တော်မူကာ မကြာမီ တောထွက်သွားလေတော့သတည်း။

Monday, August 9, 2010


(၁) တေမိယဇာတ်တော်ကြီး

( ဇာတက-)
ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်ဟူ၍ အဓိပ္ပါယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘ၀ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၂။ ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၃။ သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘ၀အဖြစ်တော်စဉ်။
၎။ နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘ၀အဖြစ်တော်စဉ်။
၅။ မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘ၀အဖြစ်တော်စဉ်။
၆။ ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘ၀အဖြစ်တော်စဉ်။
၇။ စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၈။ နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘ၀အဖြစ်တော်စဉ်။
၉။ ၀ိဓူရဇာတကမှာ ဘုရားအလောင်းတော် ၀ိဓူရသုခမိန်၏ ဘ၀အဖြစ်တော်စဉ်။
၁၀။ ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘ၀အဖြစ်တော်စဉ်တို့ပင် ဖြစ်သည်။


( နုမှာငါးရာ ရင့်မှာတစ်ကျိပ်-)
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပါယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘ၀ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘ၀များကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။
ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘ၀တုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘ၀အဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။

( ဇာတ်တော်တို့` အရေအတွက် )
ဇာတကကျမ်း၌ ၀တ္ထုပေါင်း ၅၄၇-ပုဒ၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကနိပါတ (ဧကနိပါတ်) ဟုခေါ်သည်။
ဂါထာတပုဒ်သာ ပါရှိသောောကာင့် ဧကနိပတါဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒါပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပတ်၊ ငါးပုဒ်ပါသည်ကို ပဉ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။

အရေအတွက်အားဖြင့်
ဧကနိပါတ်တွင် ဇာတက (၀တ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀၀။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဉ္စကနိပါတ်၌ ၂၅။
ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
န၀ကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။
ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
ဝီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။
စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄၇ ဖြစ်သည်။

ထို ၅၄၇-ဘ၀တွင် နုစဉ်ဘ၀ပေါင်း ၅၃၇-ဘ၀နှင့် အရင့်အမာဘ၀ ၁၀-ဘ၀ ပါဝင်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။



တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။
ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-
( ဇာတ်တော်အစဉ် )
၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၎။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊

၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊

၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊

၇။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊

၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊

၉။ (၀ိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊

၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊


(ကျမ်းပြီးခုနစ် အစဉ်)
  1. စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
  2. နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
  3. ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
  4. ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
  5. မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
  6. မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
  7. နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
  8. ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
  9. တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
  10. သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊


တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့် အတိုကောက်များ ဖြစ်ကြသည်။ ပထမစကားလုံးဖြစ်သည့် (တေ) ဟူသည်မှာ တေမိယ-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။


ရှေးအခါက ကာသိကရာဇ်မင်းကြီးနှင့် စန္ဒာဒေ၀ီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။
ငယ်စဉ်က ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။

ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။

ဘုရားလောင်းဖြစ်၍ နောက်နောက် ဘ၀များကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။

ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍ မှားယွင်းစွာစီရင်မိအံ့ ငါ့၌ ဆင်းရဲပူပန်မှုရောက်လတံ့။ ငါသည် ယခင်ဘ၀က မင်းပြုကာ ပြစ်ဒဏ်များကို မှားယွင်းစွာစီရင်မိသဖြင့် ငရဲပြည်တွင် ကြာမြင့်စွာ ခံခဲ့ရသလို ယခုတဖန် ခံရဦးမည်၊ ယခု မည်သို့ကြံရမည်နည်း။

ထိုအချင်းအရာကို ယခင် ၇-ဘ၀က မိခင်တော်စပ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး တွေ့သိ၍ ကိုယ်ထင်ပြပြီးလျှင် မေးမြန်းရာ ဘုရင်မလုပ်လိုသော ဆန္ဒကို သိရသဖြင့်-
မင်းသားသည် ငရဲလားမည့်ဘေးကိုသာ တွေးကြောက်လှလေသောကြောင့် ထိုနေ့မှစ၍ နတ်သမီးအကြံပေးချက်အတိုင်း ဆွံ့အ နားထိုင်းသူများကဲ့သို့ မလှုပ်မယှက် ကြောင်တက်တက် နေထိုင်လိုက်တော့သည်။

ထိုအချင်းအရာကို အထိန်းတော်များ တွေ့ကြသော် မိဖုရားကြီးထံ ချက်ချင်းဝင်၍ သံတော်ဦးတင်လေလျှင်-
မိဖုရားကြီးသည် ကိုယ်တိုင်ကိုယ်ကျ သားတော်အား စမ်းသပ်ပြီးနောက် ဧကန်အမှန်ဖြစ်ကြောင်း သိရှိရသောကြောင့် ဘုရင်ကြီးထံ ချဉ်းကပ်ပြီး အကျိုးအကြောင်း တင်ပြသောအခါ ဘုရင်ကြီးက
ပုဏ္ဏားတော်များအား သားတော်လေး စကားပြောရန် အမျိုးမျိုးပြုလုပ်စေ၏။

အစားအသောက် ကစားစရာတို့ဖြင့် မြူဆွယ်သော်လည်း မရ။
ပွဲတော်တည်ချိန် မကြွေးဘဲ ငိုအောင်ထားသော်လည်း မငို၊
ထိတ်လန့်တုန်လှုပ်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ပျော်ရွှင်မြူးတူး၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ဒေါသထွက်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ချစ်မေတ္တာစိတ် ယိုဖိတ်၍ ရယ်ပြုံးအောင်လုပ်သော်လည်း မရ၊
ကျွမ်းဘား မျက်လှည့် ရုပ်သေးပွဲများဖြင့် စမ်းသပ်သော်လည်း မတုန်လှုပ်၊
ဆင်လိမ္မာများ၊ အစွယ်မဲ့ မြွေများ၊ လက်နက်များ မီးများဖြင့် စမ်းသပ်သော်လည်း မကြောက်၊
တင်လဲလူးခြင်း၊ အပုပ်နံ့ပေးခြင်း၊ မှိုင်းတိုက်ခြင်းပြုသော်လည်း မရ၊
လှပသော မိန်းမပျိုများနှင့် ဆိတ်ကွယ်ရာတွင် တွေ့ဆုံစေသော်လည်း မရ။
မင်းသားလေး စိတ်ထဲတွင်ကား ငရဲခံရသည်ကိုသာ မြင်နေသည်။

မင်းသားလေး ၁၇-နှစ်သို့ရောက်သည့်တိုင် ထူးခြားမှုမရှိဖြင့် ပုဏ္ဏားတော်များအား ခေါ်ယူပြောဆိုရာ ပုဏ္ဏားတော်များက-
မင်းသားလေး တည်ရှိနေမည်ဆိုလျှင် အရှင်မင်းကြီးသည်၎င်း၊ မိဖုရားကြီးသည်၎င်း၊ တိုင်းပြည်သည်၎င်း၊ ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မည်။ ဤဘေးဆိုးကြီးက လွတ်မြောက်လိုက မင်းသားအား မြေတွင်း၌ မြှုပ်နှံရပါမည်-ဟု လျှောက်တင်သောအခါ ဘုရင်ကြီး တုန်လှုပ်ချောက်ချားသွား၏။
ထိုအခါ မိဖုရားကြီးက မင်းသားအား စိတ်ပြောင်းစေရန် ထီးနန်းစည်းစိမ်ဖြင့် အပ်နှင်းလေသည်။ သို့သော် ၇-ရက်စေ့သည့်တိုင် မထူးခြားသဖြင့် ဘုရင်ကြီးက ဒေါသထွက်ပြီး ရထားမှူးကိုခေါ်၍ နက်ဖြန်နံနက် မိုးသောက်လျှင် ဤမင်းသားအား ဘုရင်အသုံးအဆောင်ချွတ်၍ တောရပ်မြိုင်လယ်သို့ ရထားနှင့် ခေါ်ဆောင်သွားပြီး တွင်းတူးမြေမြှုပ်စေ-ဟု အမိန့်တော်မှတ်သည့်အတိုင်း ရထားမှူးလည်း အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် တေမိယမင်းသားကို ခေါ်သွားပြီး တွင်းတူးနေစဉ်-တွင်းအထက်မှ အသံကြား၍ မော့ကြည့်လိုက်ရာ-

အိုရထားမှူး ဘာကိစ္စအတွက် တွင်းတူနေရသနည်း-
သင် မင်းမှုထမ်းသည် အပြစ်လည်းလွတ်၍ ဆုလာဘ်များပင် ရစေခြင်းငှါ ယခုပင်လျှင် ရွှေနန်းတော်သို့ပြန်၍ အကြောင်းစုံ သံတော်ဦးတင်လော့-ဟု မင်းသားဆိုလေသော် ရထားမှူးသည် ၀မ်းပန်းတသာဖြင့် အမြန်သွားလေတော့၏။ ခမည်းတော် မည်တော်နှင့်တကွ အားလုံး ၀မ်းသာမဆုံးရှိကြ၏။

ဘုရင်မင်းကြီးသည် သားတော်အား တောတွင်း၌ပင် ဘိသိက်သွန်း နန်းအပ်ကာ ပြန်ခေါ်မည်ဟုကြံစည်၍ အချိန်ယူလျက် မင်းခမ်းမင်းနားပြည့်စုံစွာ ဖန်တီးစေပြီးမှ သားတော်ရှိရာ တောရပ်မြိုင်ခြေသို့ လေးရက်မြောက်သောနေ့၌ ကြွချီတော်မူလေသည်။

ခရီးဆိုက်၍ သားတော် တေမိမင်းသားမှာ ရသေ့ဝတ်နှင့်ဖြစ်နေသည်ကို တွေ့လျှင် ၀တ်ပြုလျက်-
သားတော် တောတွင်း၌ အဘယ်ကဲ့သို့သော အစာအာဟာရများ မှီဝဲနေရ၍ ဤမျှအသားအရေ အရောင်အဆင်း ၀င်း၍ ကြက်သရေမင်္ဂလာ ဆောင်ပါသနည်း။
ဖခမည်းတော် တောတွင်း၌ ဆားမပါသော သစ်ရွက်စိမ်းကိုသာ မှီဝဲရပါသည်။
အရောင်အဆင်းဟူသည်ကား-စိတ်ငြိမ်သက်သောသူ၊
ပူပင်သောက ဒေါသကင်း၍ တပ်မက်ခြင်းမရှိသူများအတွက်သာ ဖြစ်သည်။

ကောင်းပေစွ သားတော် ခမည်းတော်သည်ပင် ဤသောကကင်းဝေးသော ရသေ့ဘ၀ကို လိုလားလာချေပြီ။ သားတော်ကား အသက် နုပါသေး၏။ တရားဓမ္မလည်း ပြည့်ဝ၏။ ထို့ကြောင့် ခမည်းတော် တောထွက်နိုင်စေ ခြင်းငှါ ထီးမွေနန်းမွေ လက်ခံပြီး နုပျိုစဉ် ရွှေနန်းစည်းစိမ် ခံစားပါ။ အသက်ကြီးလာမှ သားတော်ရှိက သားတော်ကို နန်းအပ်ကာ တောထွက်မည်ဆိုလျှင် တိုင်းသူပြည်သားများအားလည်း ကူညီရာရောက်မည် မဟုတ်ပါလော။

အို ဖခမည်းတော် သတ္တ၀ါတို့မည်သည် ကြီးသည် ငယ်သည်မဟုတ် သေခြင်းဘေးက အချိန်မရွေး လာသည်မဟုတ်ပါလော၊ ရွှေနန်းစည်းစိမ်ကိုလည်း ခံစားလိုစိတ် မရှိ၍ ဆွံ့အ နားထိုင်းဟန် နေခဲ့ပြီ။ စသည်ဖြင့်
တေမိယ ရသေ့လေးက အကျယ်တ၀င့် တရားပြပြီးသည့်အဆုံး၌ ဘုရင်ကြီး မိဖုရားကြီးနှင့် တကွ အားလုံးသော မင်းချင်းတို့ ကျွတ်တန်းဝင်ကာ ရသေ့ဝတ်ကြကုန်သတည်း။

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ (၃)

အပါယ်မည်သည် တကြိမ်ကျခဲ့လျှင် ဘဝအသင်္ချေ သွားတတ်ချေသည်။ ယခုဘဝ၌ ဒါနမှုနည်းပါး၍ ကာယကံ မလုံခြုံ၊ ဝစီကံ သောင်းကြမ်း၊ မနောကံ ညစ်နွမ်း၍ စရစတရား နည်းပါးသောသူတို့သည် သေသည့်အခြားမဲ့၌ အပါယ်ကျမှုအားကြီးလျက်ရှိနေကြကုန်၏။ အခန့်တော်၍ သုဂတိဘဝသို့ ရောက်ကြပါကုန်သော်လည်း ဒါနဟူသော စရဏတရား နည်းပါးခဲ့သည့်အတွက် ဖြစ်လေရာဘုံဘဝ၌ ဓနဥစ္စာချို့တဲ့မှုနှင့် ကိုယ်မချမ်း စိတ်မချမ်း  အသက်မွေးကြမ်းတမ်းမှု အပါယ်လမ်းတမျိုး၊ နိစ္စသီလ ဥပေါသထသီလဟူသော စရစတရား နည်းပါးခဲ့သည့်အတွက် တွေပရှိသောသူတို့နှင့် ခိုက်ရန်ဒေါသ ဝိဝါဒကြီးပွား အနာရောဂါများပြားမှု အပါယ်လမ်းတမျိုး၊ ဤသို့သော အပြစ်ဒေါသတို့သည် ဘဝတိုင်းတွေ့ကြုံ၍ အထုံဝါသနာ အစဉ်ပါသဖြင့် သုဂတိဘုံမှာ များစွာဆက်လက်ခွင့်မရကြကုန်မူ၍ အပါယ်သို့သာ မကြာခင် ကျရောက်ကြလေကုန်ရာ
သောကြောင့် ဒါန-သီလ ဟူသော စရဏတရား နည်းပါးသောသူတို့သည် နောက်ဘုရားနှင့် တွေ့ကြုံရန် အခွင့်အလမ်းနည်းပါးလျက်ရှိကြလေကုန်သတည်း။
(လယ်တီဆရာတော်)

လူတွေကိုသာ ပြောပြောနေရတယ်။ တို့ဘုန်းကြီးတွေကော လာဘ်လာဘတွေ ပေါများချင်ကြတယ်။ ဘုန်းကြီးချင်ကြတယ်။ ဒါယကာ ဒါယိကာမတွေ ပေါများချင်ကြတယ်။ ဒါတွေပေါများလာရင် သာယာမှုတဏှာက ပါလာပြီ။ တဏှာပါလာရင် “ငါမှငါ” ဆိုတဲ့ မာနက ပါလာပြီ။ သံသရာကို ချဲ့ထွင်တတ်တဲ့ တရားတွေက နောက်ကလိုက်လာပြီ။ ဘုန်းနောက်လိုက်ရင် သွားရမယ့်နိဗ္ဗာန်နဲ့ ဝေးပါသေးတယ်။ နိဗ္ဗာန်သွားတဲ့လမ်းအကျင့်နဲ့ ဂုဏ်ပေါများအာင် ကျင့်တဲ့အကျင့်ဟာ တခြားစီပဲ။ သာသနာမှာ အချောင်နေ၊ အချောင်စား လုပ်နေရင် နောက်ဘဝ မသက်သာဘူး။ ဒါကြောင့် ကိုရင်တို့ ဦးဇင်းတို့ ကောင်းကောင်းနေကြ။ ဘုရားအာရုံပြုနေကြ။
( အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)


အခု သက်တမ်းတရာဆိုတော့ တရာထက် မလွန်ကြဘူး။ တရာတွင်းမှာပဲ ပျောက်ပျောက်ကုန်ဆုံးသွားတယ်။ နောက်တဖန် ဒီဘဝမျိုး ရချင်မှရမယ်။ အင်မတန်ရခဲတာပဲ။ အပါယ်လေးပါး တခါကျရင်လည်း ပြန်လွတ်ဖို့မလွယ်ဘူး။ မတော်တဆ ကျသွားရင်ပြေတာ။ ဒါကြောင့် ဘုရားက လူချမ်းသာနဲ့လည်း မလဲစေချင်ဘူး။ နတ်ချမ်းသာကော ထို့အတူပဲ။ အသက်ရှည်တယ်ဆိုပေမယ့် ပဋိသန္ဓေရှိရင် စုတိတာပဲ။ တနေ့ကျ စုတိသွား ရွေ့သွားပြီးတော့ အပါယ်လေးပါး ကျချင်ကျသွားမယ်။ သံသရာဝဋ်၏ ဒုက္ခမလွတ်ဘူး။
( စစ်ကိုင်း ရွှေဟင်္သာဆရာတော်)


သာသနာ့လမ်းစဉ်ဆိုတာ “စေရာသွား၊ ထားရာနေ” ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒလည်း မဟုတ်ဘူး။ “ကြိုက်သလိုနေ၊ အချိန်တန်ရင် လာကယ်မယ်”လို့ အာမခံ တာဝန်ယူထားတဲ့ ကယ်တင်ရှင်ဝါဒလည်း မဟုတ်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ ကိုယ်ရကိုယ်ယူ ဆိုတဲ့ ကမ္မဿကတာဝါဒသာ ဖြစ်တယ်။ ကိုယ့်ဒုက္ခ ကိုယ်ပဲ နုတ်ရ, လျှော့ရမယ်။ ကိုယ့်ချမ်းသာကို ကိုယ်ပဲရအောင်ယူရမယ်၊ သာသနာဆိုတာ လမ်းခင်းပေးရုံ လမ်းညွှန်ပေးရုံ လမ်းဖွင့်ပေးရုံပဲ တတ်နိုင်ပါတယ်။ လမ်းပေါ်ရောက်အောင်တက်သွားပြီး သွားရမှာကတော့ ကိုယ့်အလုပ်ပါ။
 ( တိပိဋက ယော-ဆရာတော်) 


အကြင်သူသည် လောကီစည်းစိမ်၊ လောကီချမ်းသာမျှကိုသာ တောင့်တ၍ လွန်ကဲစွာပင် ဒါန, သီလကို အားထုတ်၏။ လုံ့လပြု၏၊ ထိုသူသည် ကိုယ့်ကိုယ်ကိုပင် သံသရာဝဋ်ဒုက္ခ၌ ရောင်းစား ပေါင်နှံသူမည်၏။
(စတုဂီရိ တောင်လေးလုံး ဆရာတော်၊ အမရပူရ) 


တချို့က ပစ္စည်းလေးပါးကို အလွယ်တကူရအောင်၊ ဘုန်းကြီးအောင် ကြိုးစားအားထုတ်နေကြတယ်။ လှူမည့် ဒကာ ဒကာမတွေများအောင် နည်းအမျိုးမျိုးနဲ့ အားထုတ်နေကြတယ်။ တချို့ အကြားအမြင်ပေါက်သယောင်ယောင် သူတပါးစိတ်ကို သိသယောင်ယောင် ဟန်ဆောင်နေကြတာလည်းရှိတယ်။ ရဟန္တာဖြစ်သယောင်ယောင် ဟန်ဆောင်နေကြတာလည်း ရှိတယ်။ တချို့က ထွက်ရပ်ဝိဇ္ဇာ ပေါက်သယောင်ယောင်၊ ကျန်းမာရေး, စီးပွားရေး, ရာထူးဌာနန္တရ မဆုတ်ယုတ်ဘဲ တိုးတက်ရေး စသည်အတွက် စွမ်းဆောင်နိုင်သယောင်ယောင်၊ ဒီလိုဟန်ဆောင်နေတာလည်း ရှိတယ်။ အဲဒီလို မတရားသဖြင့် စီးပွားရှာမှုကိုတော့ ဝိနည်းတော်အရ လုံးဝမပြုသင့်ပါဘူး။
(မဟာစည်ဆရာတော်) 


ဘာမဆို ကံကိုယုံပြီး ပုံထားသူများကဲ့သို့ နတ်ကိုယုံပြီး ပုံထားမှုမျိုးကား မပြုအပ်ပါ။ ရတနာသုံးပါးအပေါ်၌ ယုံကြည်လွန်းလေ၊ အာရုံပြုလွန်းလေ ကောင်းလေ ဖြစ်သော်လည်း နတ်များအပေါ်၌ အလွန်အကျွံပြု၍ ယုံခြင်းမျိုး၊ နတ်ရူး, ရူးသည်ဟုဆိုရလောက်အောင် အဖြစ်မျိုးကား မလိုလားအပ်သော ယုံကြည်မှုမျိုး ဖြစ်ပါသည်။


အချို့ကား ဘုရားဆွမ်းတော်တင်ရန်၊ ရေချမ်းကပ်ရန်၊ ဆီမီးကပ်ရန်၊ ပန်းကပ်ရန်ကား သတိမရပါ။ နတ်ပွဲကိုမူကား တရိုတသေ ပြုစုပသ ကြ၏။ ဘုရားထက်ပို၍ နတ်ကို ရိုသေလေးစားသော ပူဇော် ပသမှုမျိုးကား မိမိ၏ဗုဒ္ဓဘာသာ မပီသမှုကို ဖော်ပြခြင်းဖြစ်ရာ ထိုအမှုမျိုးကို ရှောင်ရှားရန် အထူးပင် သတိပြုဖို့ လိုအပ်ပါသည်။
(ဓမ္မဒူတ အရှင်ပညာဇောတ)


-ရဟန်းသည် သီလအတွက် အသေခံသည်။
-ရဟန်းသည် သမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
-အမျက်ထွက်လာသူကို သည်းခံလျှင် နှစ်ဦးလုံး အကျိုးရှိ၏။
-ကျမ်းဂန်တတ်၍ သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
-ခြင်္သေ့သည် ကျားကို နိုင်၏။ ကိုယ်တွင်းက ခွေးလှေးသန်းကို မနိုင်။ 
-မသူတော်သည် သူတော်ကောင်းကို နိုင်၏။ ကိုယ်တွင်းက အကုသိုလ်ကို မနိုင်။
(ရွှေကျင်ဆရာတော်ကြီး မင်းတုန်းမင်းလက်ထက်)


မိဘကောင်းတို့သည် သားသမီးကို ပစ္စည်းဥစ္စာထက် အသိအလိမ္မာနှင့် ပညာပေးကာ ချီးမြှောက်လိုကြ၏။ ပစ္စည်းဟူသည် ပျက်စီးတတ်၍ မပျက်မစီး, ထာဝရတည်သော ကောင်းကျိုးကိုလည်း အရှည်ပေးတတ်သော ထိုချီးမြှောက်မှုမှာ မှန်ကန်သော ချီးမြှောက်မှုပင် ဖြစ်၏။


ထိုကဲ့သို့ ချီးမြှောက်သော မိဘများမှာ သားသမီးကို တကယ်ချစ်သော သားသမီး၏ မိတ်ဆွေများတည်း။ သားသမီးကို အလိုလိုက်တတ်၊ မဆုံးမတတ်သော မိဘများမှာ ချစ်ရာမရောက် နှစ်ရာရောက်၍ ရန်သူများပင် ဖြစ်၏.
(သပြေကန်ဆရာတော် ဦးဝါသေဋ္ဌာဘိဝံသ)


ဒါနဲ့---ဒကာ ဒကာမတွေ အချို့ သေသွားတဲ့အခါကတော့ အမောဆိုက်ပြီး တခါ သားကိုစိတ်မချ၊ သမီးကို စိတ်မချ၊ ပစ္စည်းကို စိတ်မချဖြစ်ပြီး ဝန်တွေပိပြီး သေသွားကြတဲ့ပုဂ္ဂိုလ်တွေ အင်မတန်များကြတယ်။ ဒါဖြင့် ဝန်ပိသေတဲ့ပုဂ္ဂိုလ် ကောင်းရာသုဂတိ လားနိုင်မလားလို့ မေးကြည့်ရင် မလားနိုင်ပါဘူး။
(မိုးကုတ်ဆရာတော် ဦးဝိမလ) 


အနမတဂ္ဂ သံသရာ၌ သဗ္ဗညုဘုရားကို ကိုးကွယ်ကြရသော ဘဝကား အလွန်နည်းပါး၏။ ရံခါ ဗြဟ္မာကို ဘုရားဟု ကိုးကွယ်ကြရကုန်၏။ ရံခါ သိကြားကို၊ ရ့ခါ ထိုထိုနတ်ကြီးတွေကို၊ ရံခါ နေကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ ဂံခါ လကို၊ ဂံခါ ထိုထိုနက္ခတ်ကို၊ ရံခါ ဘုမ္မစိုးနတ်ကြီးကို၊ ဘီလူးကြီးတေါကို ဘုရားဟု ကိုးကွယ် ကြရကုန်၏။ လောက၌ အလွန်ယုတ်မာမှောက်မှားသော မိစ္ဆာဒိဋ္ဌိဆရာကြီးတို့ကား ကမ္ဘာ့တန်ဆာ၊ ကမ္ဘာ့မြေစာကဲ့သို့အလွန်တရာ ပေါများကြကုန်၏။

ထိုမိစ္ဆာဒိဋ္ဌိ အယုတ်တမာကြီးတွေကို တွေ့မိတွေ့ရာ ဘုရားဟူ၍  ကိုးကွယ်ကြကုန်သော ဘဝတို့ကား အလွန်များပြားကြကုန်၏။ ဂံခါ နဂါးကို၊ ရံခါ ဂဠုန်ကို၊ ရံခါ မြစ်ကို၊ ရံခါ မီးကို၊ ရံခါ ရေကို ဘုရားဟူ၍ ကိုးကွယ် ကြရကုန်၏။ ဤသို့လျှင် ကိုယ်တွင်း၌ သက္ကာယဒိဋ္ဌိ အမှောက်အမှားကြီးရှိနေကြကုန်သော ပုထုဇဉ်သတ္တဝါတို့၏ တဘဝ တဘဝလျှင် တမျိုး တမျိုး ကိုးကွယ်ရာဘုရားမည်သည် လောကဓာတ်၌ အလွန်များပြား၏။ ကြပ်ကြပ်ကိုးကွယ်လေလေ အပါယ်ငရဲ ကြပ်ကြပ်နက်နဲလေလေသာ ဖြစ်၏။
(လယ်တီဆရာတော်)


သာသနာတော်ဟာ အမြဲတမ်း တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူး။ နော်ကဆုံးကာလ ကွယ်ပျောက်မှာ မလွဘြူး။ သာသနာတော်ကြီး မကွယ်ပျောက်ခင် မိမိတို့ တဖက်တလမ်းကနေ စောင့်ထိန်းရမယ်။ သာသနာတော်ကြီးဟာ ပြောင်းလဲနေတယ်။ မတည်မြဲဘူး။ တကယ့်ရဟန္တာများ လက်ထက်ကတောင် ပြောင်းလဲနေသေးတယ်။ ခုခေတ်ပုဂ္ဂိုလ်များလက်ထက်မှာ ပြောစရာမလိုတော့ဘူး။


မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားပေမယ့် ဟောကြားဆုံးမတော်မူတဲ့ တရားဒေသနာတွေ များစွာကျန်ခဲ့တယ်။ အဲဒီတရားတော်တွေအတိုင်း ပြောဆိုနေထိုင်သွားရင် နိဗ္ဗာန်နဲ့ မဝေးဘူး။ နီးဖို့ရန်သာ အကြောင်းရှိပါတယ်။ ဗုဒ္ဓတရားတော်တွေကို သိနေတဲ့သူဟာ သေရမှာကို မကြောက်ပါနဲ့။ သေရမှာကြောက်သူဟာ တရားတော်ကို အထင်သေးရာရောက်နေပါတယ်။ ဒါကြောင့် မတည်မြဲနိုင်တဲ့ သာသနာတော်ကြီးမှာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထားလိုက်ရမယ်။
(အမရပူရ မဟာဂန္ဓာရုံ ဆရာတော်)


လောကမှာ အယူအဆ အတွေးအခေါ်တွေ မှားနေရင်၊ စဥ်းစားနှိုင်းချိန်တတ်တဲ့ အသိတရားတွေ ကင်းကွာနေရင် ကံအရှိ၊ ခန္ဓာအရှိ၊ သံသရာအရှိ၊ တရားအရှိ၊ သစ္စာအရှိ စတဲ့ အကျိုးတရားတွေကို ရှိတဲ့အတိုင်း သိမြင်နိုင်ခွင့် မရတော့ပါဘူး။


ကိုယ့်အတွက်သာကြည့်တတ်ပြီး သူ့အတွက် မကြည့်တတ်ရင်၊ မျက်မှောက်အတွက်သာ မြင်တတ်ပြီး
နောင်ရေးအတွက် မမြင်တတ်ရင် လောကီအတွက်သာ ဦးတည်တတ်ပြီး လောကုတ္တရာအတွက် ဦးတည်ချက်မထားတတ်ရင် တဖက်မျှသာမြင်သူဖြစ်လို့ လူ့စွမ်းရည်မကုံလုံ မပြည့်စုံသေးပါဘူး။ လူစင်မမီ၊ လူသားမပီသသေးပါဘူး။
(တိပိဋက ယော-ဆရာတော်)


-မသူတော်သည် အမျက်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ စကားလှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွံစရာသာတည်း။
-ဆုံးမချင်သူ သဲလုံးအတူများပါစေဟု ရှင်ရာဟုလာ နှလုံးသွင်းသည်။
(ပထမရွှေကျင်ဆရာတော် မင်းတုန်းမင်းလက်ထက်) 


ဘာမှမလုပ်ဘဲ ထိုင်ပြီးဆုတောင်းနေရုံနဲ့ ကယ်တင်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ မက်လုံးနဲ့ ဆွဲဆောင်တာကို အဟုတ်မှတ်ပြီး ထိုင်နေလို့ကတော့ ငတ်ရုံပဲပေါ့။ တချို့က ရှိသေးတယ် စီးပွားရေးမြင့်တက်လာအောင် နတ်ကန္နားပေးရမယ်ဆိုပြီးနတ်ကတော်က နတ်နဲ့ခြောက်,မြှောက်တာမျိုးကို ယုံတဲ့သူတွေလဲ မနည်းဘူး။ တကယ်တော့ နတ်တွေဆိုတာကလည်း လူတွေမျှော်မှန်းသလို အစွမ်းအစ ဘာမှရှိတာမဟုတ်ဘဲနဲ့ အခြေအမြစ်မခိုငတဲ့ဟာတွေ ယုံမှတ်နေပြန်ရင်လည်း လူညံ့လူဖျင်း ဖြစ်သွားနိုင်တယ်။ ဗုဒ္ဓဘာသာကို အရောင်ညှိုးအောင်လုပ်ဆောင်နေတာဟာ တောင်ပြုံးနတ်ပွဲလို ထင်ရောလျှက်ြလုပ်နေကြတဲ့ နတ်မြှောင်တွေောကာင့် ရတနာ ၃-ပါးကို တမျိုးတဖုံနဲ့ ထိခိုက်စေတယ်ဆိုတာကို ဒီနေ့ လူငယ်တွေ နားလည်ကြပါ။ အလိမ်အညာ မခံရအောင် စာများများဖတ်ကြစေချင်တယ်။ ယုတ္တိတန်သလား မတန်ဘူးလားဆိုတာ နက်နက်နဲနဲ တွေးကြံဆကြပါ။
(ဆရာတော် ဦးအာစိဏ္ဏ-တမ္ပဝတီ)


ဤနတ်ဝါဒသည် ရှေးအခါက လူတွေရိုင်စိုင်းလေ အားကောင်းလေ ဖြစ်ခဲ့၏။ ယခုအခါ၌ပင် မြန်မာပြည် တောင်ပေါ်ဒေသများ၌ ကျွဲနွားစသော တိရစ္ဆာန်တိုပကို သတ်ဖြတ်ကာ ယစ်ပူဇော်နေကြသေး၏ ။ မြို့ရွာများ၌လည်း ထုံးတမ်းစဉ်လာ ရိုးရာအလိုက်ဟုယူဆကာ နတ်ပွဲများကို ကျင်းပနေကြ၏။ အထူးအားဖြင့် နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း(၈)ရက်မှ ဝါခေါင်လကွယ်နေ့တိုင်အောင် တောင်ပြုံးနတ်ပွဲနှင့် ရတနာ့ဂူနတ်ပွဲများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာပြည်၏ ရုပ်ပျက်ဆင်းပျက် အမည်းကွက်များ ဖြစ်ပါသည်။
(ပထမကျော်ဘွဲ့ရ ဦးပညိန္ဒာဘိဝံသ ခါတော်မှီဆရာတော် မိုးကုတ်မြို့)


ဒါကြောင့် နတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊ ဝိဇ္ဇာတွေ, ဘိုးတော်တွေ ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေ၊
ဗေဒင်ဆရာကိုးကွယ်တဲ့ ပုဂ္ဂိုလ်တွေ ဆင်းရဲဒုက္ခရောက်လာပြီဆိုရင် ခြေမကိုင်မိ လက်မကိုင်မိတွေ အများကြီး ဖြစ်လာကြတယ်။ ဟုတ်တယ်မဟုတ်လား။ တကယ် ဘယ်သူလာကယ်ပါ့မလဲ ...
ဗေဒင်ဆရာလည်း တကယ်ဖြစ်လာပြီဆိုရင် မကယ်နိုင်ဘူး။ နတ်ကရော ကယ်နိုငမလား၊ မကယ်နိုင်ပါဘူး။ သေစရာရှိ သေမှာပဲ၊ ဆင်းရဲစရာရှိ ဆင်းရဲမှာပဲ ဟုတ်ရဲ့လား။
(ကျစွာဆရာတော် ဦးလက္ခဏ)


ဝိပဿနာအလုပ် လုပ်တယ်ဆိုတာ တမင်ရှာပြီး လုပ်နေရတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ် ကြည့်ရုံပါပဲ။ ကြည့်တော့ ဖောက်ပြန်ပျက်စီးနေတာအမျိုးမျိုး ခန္ဓာမှာတွေ့ရမှာပဲ။ ခန္ဓာအရှိကို ဉာဏ်အသိနှင့်ကိုက်ရင် ယထာဘူတဉာဏ်၊ ဟုတ်တိုင်းမှန်စွာသိတဲ့ဉာဏ်၊ နိဗ္ဗာန်ဆိပ်ဦးရောက်ပြီလိှု့ဆိုင်နိုင်တယ်။
(မိုးကုတ်ဆရာတော် ဦးဝိမလ)


သူတပါး၏အပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကို မြင်အောင် ရှု၍ အပြစ်မှလွတ်အောင် ပြုရမည်။ သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ သမ္မာဆန္ဒဖြစ်စေရမည်။ ကြောက်လန့်ရအောင် မနေရ၊ ကြောက်လန့်ရန်မရှိအောင် နေရမည်။ စာပေကျမ်းဂန်တတ်သိခြင်း မမှားစေရ၊ စာပေကျမ်းဂန်တတ်ခြင်း၊ အမှန်သို့ကျအောင် သတိသမ္ပဇဉ် ပြုရမည်။


စာပေကျမ်းဂန် တတ်ရုံမျှနှင့် မနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။ သံသရာ၌ အသက်ရှည်ရန်ကို မလိုအပ်၊ သံသရာသက်တိုရန်ကိုသာ လိုအပ်သည်။ ရြှ်လျားသော တဏှာကိုဖြတ်၍ တိုသေးသောပါရမီကို ဆက်ရမည်။
(စစ်ကိုင်း ဝါးချက်မင်းကျောင်းဆရာတော်ကြီး)


သူ့ကိုလည်း ငါမပိုင်၊ ငါ့ကိုလည်း သူမပိုင်၊ ကယ်သူ့ကိုမှ ဘယသူမပိုင်၊ ငါ့ကိုယ်သော်မှ ငါမပိုင်။
အချိန်တိုင်းက ငါဖြစ်ချင်သလို မဖြစ်၊ သူဖြစ်ချင်သလိုဖြစ်။
ဥစ္စာကသော်လည်း လူကိုပစ်၊ လူကသော်လည်း ဥစ္စာကိုပစ်၊ 
စင်စစ်မုချ အမြဲမရှိ အနိစ္စ၊ ကြောက်စရာ ဒုက္ခ၊ အစိုးမရ အနတ္တ-ဟု မပြတ်နှလုံးသွင်းကြလေ။
(ဒီပဲရင်းဆရာတော်ကြီး)


သရဏဂုံဟာ ကလေးသူငယ်ကအစ လူတိုင်း လူတိုင်းနဲ့ သင့်လျော်တယ်။ ဘာမျှမကုန်ခန်း မပင်ပန်းဘဲနဲ့လည်း သရဏဂုံတည်မှုကို ရနိုင်တယ်။ သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်
၁။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကို အပ်နှံခြင်း။
၂။ ဘုရား တရား သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း။
၃။ ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း၊ 
၎။ ရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း
အဲဒီလေးပါးအနက်မှ တပါးပါးကို ပြုလုပ်လိုက်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို့ မှတ်ယူရမယ်။
(တောင်ပုလုတောရ ဆရာတော်)

လူ့ဘဝဆိုတာ အကာနှင့်အနှစ် ခွဲခြားသိမြင်တတ်မှသာ အကာကိုခွဲပြီး အနှစ်ကို ဆွဲထုန်ယူနိုင်ပါလိမ့်မယ်။ အကာလောက်ကိုသာ အနှစ်ထင်နေရင် (သို့မဟုတ်) အကာနှင့်အနှစ်  ပြောင်းပြန် အမြင်လွဲနေရင် အဖိုးတန်လှတဲ့ လူ့ဘဝမှာ အနှစ်မတွေ့ရတော့ဘဲ အကာနဲ့သာ တဘဝ ဆုံးတတ်ပါတယ်။
(တိပိဋကဓရ ယော-ဆရာတော်)

လှေသင်းမင်းကျောင်း ဆရာတော် (၂)

ဆရာတော်ကြီးသည် ရဟန်း ၅-ဝါမှစ၍ သာသနာတော်၏အသက်သည် ဝိနည်းဖြစ်သည်ဟူသော အယူအဆကို စွဲမြဲစွာခံယူပြီး ဝိနည်းငါးကျမ်းပါဠိတော်ကို အာဂုံနှုတ်တက်ဆောင်တော်မူ၍ ညစဉ် ဘုရားပူဇော်လေ့ရှိသည်။ စာသင်သားများကို စာချရာ၌ ဝိနည်းငါးကျမ်းပါဠိတော်ကို အလွတ်ပို့ချသည်။ သက္ကတ၊ ဗေဒင်ပညာများကို ကြည့်ကာမတ္တဖြင့် တတ်မြောက်သည်။ နေတ္တိပါဠိတော်ကြီးကို ဆက်လက်ကျက်မှတ်ရာ နှုတ်တက်အာဂုံရသည်။ 
ဆရာတော်ကြီးသည် မယုံနိုငလောက်အောင် ဉာဏ်ရည်ထက်မြက်လှသည်။ ရဟန်းသံဃာများက “လှေသင်းမင်းကျောင်း နေတ္တိကောင်း”ဟူ၍ပင် ချီးမွမ်းထောပနာပြုကြသည်။

တော်ငဘီလူးဆရာတော်၏ လျှောက်ထားတောင်းပန်မှုကြောင့် ရှေးဆရာတော်ကြီးများ အပြီးမသတ်ခဲ့သည့် ဝိသုဒ္ဓိမဂ်မဟာဋီကာ ဝိပဿနာပိုင်း နိဿယကို ပြီးစီးအောင် ရေးတော်မူသည်။ ဝိသုဒ္ဓိမဂ် မဟာဋီကာ ဝိပဿနာပိုင်းကား စာတတ်ရုံမျှဖြင့် နိဿယမရေးနိုင်။ ပကတိဝါဒ၊ ဒဗ္ဗ၊ ဇီဝဒွိအဏုက စသော အတ္တဝါဒဆိုင်ရာ သာသနာပဝေါဟာရများ ဒဿနများ၊ အိန္ဒိယဖီလော်ဆော်ဖီများ ပါဝင်နေ၍ ပဋိပတ်၊ ပရိယတ် အကျော်အမော် ဖြစ်နေသော်လည်း မရေးနိုင်ချေ။ သက္ကတနှင့် ဘာသန္တရကိုပါ တတ်ကျွမ်းမှသာ နိဿယ မြန်မာပြန်နိုင်သည်။

ရှေးကကျမ်းပြုပုံမှာ ပုရပိုက်တွင် အကြမ်းရေးပြီးမှ ပေပေါ်တွင် အချောရေးကူးလေ့ရှိသည်။ လှေသင်း မင်းကျောင်း ဆရာတော်ကြီးသည် သက်တော်(၄၄)နှစ်အရွယ်တွင် ဝိသုဒ္ဓိမဂ်မဟာဋီကာ ဝိပဿနာပိုင်းကို ဒူးပုဆစ်ပေါ်၌ ပေရွက်တင်ပြီး ကညစ်ဖြင့် တကြိမ်တည်းအပြီးသတ် အချောတင် ရေးတော်မူသည်။ စာအင်္ဂါ သုံးဆယ်ရှိသည်။

တခါတွင် စာသင်စာလိုက်လုပ်နေရ၍ အာနာပါနကမ္မဋ္ဌာန်းအလုပ်ကို မလုပ်အားကြောင်း
လျှောက်ထားလာသည့် ရဟန်းငယ်တို့အား--- 
စရစခေါ် ကျင့်ဝတ်ဝေယျာဝစ္စများကို မြဲလုပ်နိုင်မှသာ ဝိဇ္ဇာဉာဏ် (တရားထူး)ရမည်။ ငါကား မလုပ်နိုင်ဟု အားမလျှော့ရာ။ သဒ္ဓါဓိက၊ ဝီရိယာဓိက၊ ပညာဓိက ကိုယ့်ဆုနှင့်ကိုယ်လာကြသည်သာ။ အာနပါနစသော တရားအလုပ်သည် သီခြားလုပ်မှရသော အလုပ်မဟုတ်။ ကျင့်ဝတ်ဝေယျာဝစ္စများကို လုပ်နေရင်းပင် အာနာပါနတရားအလုပ်ကို လုပ်နိုင်၍ တချိန်တည်းမှာပင် အလုပ်နှစ်ခု၊ အကျိုးနှစ်မျိုး ပြီးစီးနိုင်သည်-ဟူ၍ ဆုံးမတော်မူသည်။

ဆရာတော်ကြီးသည် ကျင့်ဝတ်၊ ဓူတင်မှစ၍ ပရိယတ်၊ ပဋိပတ်အလုပ်ကို မျှတအောင်လုပ်ခဲ့သည်။ သက်တော် ငါးဆယ်အတွင်းသို့ရောက်လျှင် ပရိယတ်ကို တန်ရုံသာပို့ချပြီး ကျင့်ဝတ်၊ ဓူတင်နှင့် ပဋိပတ်ကို အလေးပေးတော်မူသည်။


ကျောင်းဒကာ လှေသင်းအတွင်းဝန်မင်းက-
ဘုရားဟောတရားဒေသနာများသည် ပါဠိစာပေများ ဖြစ်နေ၍ ဖတ်ရှုရန် ခက်ခဲလှပါသည်။ ရဟန်းရှင်လူ အလွယ်တကူ နားလည်ကျင့်သုံးလိုကနာနိုင်ရန် တရားအနှစ်ချုပ်ကို ချီးမြှင့်ပေးတော်မူပါ-ဟူ၍
လျှောက်ထားသည်။ ဆရာတော်ကြီးသည် ချက်ချင်းပင် ဒူးပုဆစ်ပေါ်တွင် ပေရွက်တင်ပြီး ကညစ်ဖြင့် ---
(၁) သွားရပ်ထိုင်လျောင်း ဣရိယာပုထ်လေးပါးတို့၌ အကုသိုလ်မဖြစ်ရ။ ကုသိုလ်တရားသာဖြစ်အောင် နှလုံးသွင်း၇မည်။
(၂) အကုသိုလ်ဖြစ်သေ အချိန်ကာလ မရှိစေရ၊ ကုသိုလ်ဓမ္မဖြင့်သာ အချိန်ကာလကို ကုန်လွန်စေရမည်။
(၃) ကောင်း-မကောင်းဖြစ်သော ကံဟောင်းကို မမျှော်လင့်ရ၊ ကောင်းသောကံသစ်ကိုသာ ဖြစ်ပွားအောင် အားထုတ်ရမည်။
(၄) အကျိုးကို အားမထုတ်ရ၊ မကျင့်ရ၊ အကြောင်းကိုသာ ဖြောင့်မှန်အောင် အားထုတ်ကျင့်ကြံရမည်။
(၅) အကျင့် အတုအယောင် မဖြစ်စေရ၊ အကျင့် အစစ်အမှန် ကျင့်ကြံရမည်။
(၆) ကိုယ်၏အကျင့်ကို တပါးသူ မသိစေရ၊ ကိုယ့်အကျင့် မှန်-မမှန်ကို ကိုယ်တိုင်သိအောင် ဆင်ခြင်ရမည်။
(၇) သူတပါးကို အားမကိုးရ၊ မိမိကိုယ်ကိုသာ အားကိုး၍ ကျင့်ရမည်။
(၈) မိမိကမကျင့်မူ၍ သူတပါးအား မဆုံးမရ၊ ကိုယ့်ကိုယ်ကိုသာ ယဉ်ကျေးအောင် ဆုံးမရမည်။
(၉) သူတပါးအပြစ်ကို မရှုရ၊ ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်အောင်ရှု၍ အပြစ်လွတ်အောင် ပြုရမည်။
(၁၀) သူ့ပစ္စည်းကို မလိုချင်ရ၊ ကိုယ့်ပစ္စည်းအစစ်ဖြစ်သော အကျင့်တရားကိုသာ လိုချင်သောသမ္မာဆန္ဒ ဖြစ်စေရမည်။
(၁၁) ပစ္စည်းရအောင် မကျင့်ရ၊ တရားကောင်းအစစ်ရအောင် ကျင့်ရမည်။
(၁၂) အပေါင်းအဖော်နှင့် ပျော်၍ သူများနှင့်သင့်အောင် မနေရ။ ရုပ်နာမ်တရားတို့နှင့် သုံးသပ်မွေ့လျော် သင့်တော်အောင် နေရမည်။
(၁၃) ကြောက်လန့်အောင်မနေရ၊ ကြောက်လန့်မှုမရှိအောင် နေရမည်။
(၁၄) စာပေကျမ်းဂန် တတ်သိခြင်း မမှားစေရ၊ တတ်သိခြင်း အမှန်ကျအောင် သတသမ္ပဇဉ် ရှိရမည်။
(၁၅) စာပေကျမ်းဂန် တတ်သိရုံမျှနှင့် ရောင့်ရဲမနေရ၊ တရားတတ်သိအောင် အားထုတ်ကျင့်ကြံရမည်။
(၁၆) သံသရာ၌ အသက်ရှည်ရန် မလိုအပ်။ သံသရာသက် တိုရန်သာ လိုသည်။
(၁၇) ရှည်လျားသောတဏှာကို ဖြတ်၍ တိုသောပါရမီကို ဆက်ပေးရမည်။
(၁၈) မေ့၍နေလျှင် အဖန်တလဲလဲ သေရမည်၊ မမေ့လျှင် နောက်ထပ် မသေရပြီ။
(၁၉) အဆက်မပြတ် ရှင်လျက်ရှိနေသော အဝိဇ္ဇာတဥှာကို သေအောင်သတ်၊ အမြဲသေ၍သာနေသော အသင်္ခတနိဗ္ဗာန်သို့ရောက်အောင် ကပ်ရမည်။
(၂၀) သင်္ခါရအလုံးစုံ၌ စွဲလမ်းသော ဥပါဒါန်ကိုဖြတ်၊ သင်္ခါရဟူသမျှကို စွန့်လွှတ်နိုင်မှ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်မည်။
ဟူသော သြဝါဒကထာ (၂၀)ပိုဒ်ကို ရေးပေးတော်မူသည်။
( လှေသင်းမင်းကျောင်း ဆရာတော်နှင့်ပတ်သက်၍ အကျယ်သိလိုက ဓမ္မာစရိယ ဦးဌေးလှိုင်-ရေး ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် ကြည့်ရှုလေ)

ဆရာတော်ကြီးများ၏ မှက်သားဖွယ်ရာ သြ၀ါဒကထာ 

ဘုန်းကြီးတို့ မြန်မာပြည်မှာ အားလုံး ရှေးအခါကစပြီး ယခုအထိ အဲဒီလို သာသနာတော်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်ရှိလို့ ကိုယ့်သားကလေးမွေးလာရင် ရှင်ပြုပေးရမှ၊ သင်္ကန်းဝတ်ပေးရမှ ကျေနပ်ကြတယ်။ သင်္ကန်းမဝတ်ပေး ရသေးသမျှ တာဝန်ကျေတယ်လို့ မယူဆကြဘူး။ အဲဒီ သာသောတ်အပေါ်မှာ မြတ်နိုးတဲ့စိတ်ကလေးဟာ အဲ...မိမိတို့ သာသနာကို ထွန်းကားဖို့အကြောင်း ကောင်းမြတ်တဲ့စိတ်ထားကောင်းလေးပဲ။
(ဦးဝါသေဋ္ဌာဘိဝံသ-အဘိဓဇမဟာရဋ္ဌဂုရု၊ ပုဇွန်တောင် ရွှေကျင်တိုက်သစ်)

အလှူကြီးတွေပေးပြီး ပျော်ကြရွှင်ကြ၊ ပွဲတွေလမ်းတွေနဲ့ ဒါ...ကုသိုလ်မဟုတ်ဘူး။ အလှူ့ဒကာကို ဝိုင်းမြှောက်ကြ၊ တီးကြ၊ မှုတ်ကြနဲ့၊ ဒါ...လောဘတွေပဲ။ ဒါ...မှားတာပဲ။ လမ်းမှားတာပဲ။ အခုလို ကုသိုလ်ပြုတဲ့နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေမှ ကောင်းတယ်။ ဒါ့ကြောင့် ကုသိုလ်ပြုတဲ့နေရာမှာ စိတ်ကို ကြည်ကြည်လင်လင် နိဗ္ဗာန်မှန်းပြီး ကုသိုလ်ပြုတတ်အောင် လုပ်ပါ။
(မဟာဂန္ဓာရုံ အရှင်ဇနကာဘိဝံသ)


အလကားလူကို ဘယ်သူမှ အသုံးမချပ။ အသုံးကျတဲ့လူမှ အသုံးချာတပါ။ လူကောင်းတယ်၊ တော်တယ်ဆိုတာ အသုံးချလို့ရလို့ ကောင်းတာ တော်တာ။ အလကားလူဟာ အသုံးမကျဘူး။ ဘယ်သူမှ အသုံးမချပါ။ ယခု မျက်မှောက်လောကမှာ ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ ရှေ့တန်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါ။ အလကားလူတွေ မဟုတ်ပါ။ အလကားလူကို ဘယ်သူမှ ရှေ့တန်းမတင်ပါ။ ရှေ့တန်းလည်း မရောက်ပါ။ ရောက်ရင်လည်း ခဏပါ။ အချိန်ကြာရင် အလကားလူဟာ အလကားပဲ ပြန်ဖြစ်သွားတာပါ။
(ဓမ္မဒူတ-အရှင်ပညာဇောတ)


သာသနာပြုဖို့ တာဝန်ကိုယ်စီရှိကြတယ်လို့ ဟောပြောနေသော်လည်း သာသနာဆိုတာ ဘာမှန်းမသိတဲ့သူတွေအနေနဲ့ သူများက သာသနာပြုလို့ အမည်ခံပြီး သာသနာနဲ့ ဆန့်ကျင်ဘက်လုပ်ငန်းတွေ လုပ်နေသော်လည်း ထိုသူများအဖို့ ထိုလုပ်ငန်းတွေကို ပြုလုပ်နေတာသည်ပင် သာသနာပြုပါလားလို့ စိတ်ထဲမှာ မှားယွင်းစွာ ထင်မြင်ယူဆသွားတတ်ပါသည်။
(ဓမ္မဒူတ-အရှင်ဣန္ဒာဝုဓ)


ကိုယ်ကျိုးပဲဖြစ်ဖြစ်၊ သူများအကျိုး သည်ပိုးရာမှာပဲ ဖြစ်ဖြစ် ဟန်ဆောင်ပန်ဆောင် လူအထင်ကြီးအောင် မဟုတ်ဘဲ စိတ်ပါလက်ပါ တက်တက်ကြွကြွ၊ သဲသဲမဲမဲ ဇွဲနပဲဖြင့်လုပ်ပါ။ လုပ်တဲ့အလုပ် အောင်မြင်မည်။ အောင်မြင်လျှင် ဆီလိုအပေါက်ရှာသူတွေ ဟာကွက်ကို ထောက်ပြစရာ မတွေ့နိုင်တော့ပေ။ အများအကျိုးဆောင်သူအဖို့ လုံခြုံမှု တနည်းတလမ်း ရသွားပြီ။
(မဟာသဇ္ဇနောဒယ ဆရာတော်-စစ်ကိုင်းတောင်ရိုး)


မြတ်ဗုဒ္ဓသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် အဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ခရစ်တော်သည် မြတ်ဗုဒ္ဓ၏နောက် နှစ်(၆၀၀)ခန့် နောက်ကျပြီး မိုဟာမက်သည် နှစ်ပေါင်းတထောင်ကျော်
နောက်ကျပါသည်။ ခရစ်တော်နှင့် မိုဟာမက်တို့သည်လည်း ခရီးလှည့်သာသနာပြု ပုဂ္ဂိုလ်များပင်ဖြစ် ဖြစ်သည်။ သို့သော် သာသနာနှင့် သာသနာပြုနည်းတို့ကား မြတ်ဗုဒ္ဓ၏နည်းများနှင့် ခြားနားလှပေသည်။ မြတ်ဗုဒ္ဓကား ဓမ္မကိုဟောသည်။ အခြားဘာသာရေး ခေါင်းဆောင်တို့က ယုံကြည်ဖို့၊ ဆုတောင်းဖို့ ဟောသည်။ မည်သူမဆို မည်သည့်ယုံကြည်ချက်၊ မည်သည့်ကိုးကွယ်မှုပဲရှိရှိ ဓမ္မကိုသင်ခြင်း၊ ကျင့်ခြင်း၊ သိမြင်ခြင်းဖြင့် ဘဝအဆင့်မြင့်စေလိုခြင်းမှာ မြတ်ဗုဒ္ဓ၏အလိုတော်ဖြစ်သည်။ 
(သီတဂူဆရာတော် ဦးဉာဏိဿရ)


ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကိုမှ ကိုယ်နားမလည်ရင် ဗုဒ္ဓဘာသာခံယူကျင့်သုံးမှု မခိုင်မြဲဘူး။ ယောင်ဝါးဝါး ဗုဒ္ဓဘာသာမျှပါပဲ။ သူများတွေက မေးမြန်းလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်းကို မဖြေနိုင်ကြဘူး။ တချို့ ဘာသာခြားဘက် ပါသွားနိုင်သေးတယ်။ ခင်ဗျားတို့ ဗုဒ္ဓဘာသာတွေလည်း ဆုတောင်းတာပဲ၊ အခြားဘာသာတွေလည်း ဆုတောင်းတာပဲ၊ အတူတူပါပဲလို့ ပြောလိုက်ရင် ကိုယ့်ဗုဒ္ဓဘာသာအကြောင်း ကိုယ်ကိုယ်တိုင် လေးလေးနက်နက် သိမထားတော့ ဟုတ်ပါတယ်ဗျာ၊ ဆုတောင်းရတာချည်းပဲလို့ ထင်သွားရင် မှားမယ်။ အခြားဘာသာဝင်တွေ ထာဝရဘုရားထံ ဆုတောင်းတယ်။ ပရေး(Pray) လုပ်တယ်ဆိုတာက လူကြီးမိဘထံ ကလေးက မုန့်တောင်းသလို တောင်းနေတာပါ။ 
(အရှင်သီလာနန္ဒာဘိဝံသ-ဟတ်မွန်းဘေး အမေရိကန်နိုင်ငံ)


အလှူဒါနတွေ များနေလို့ သာသနာတော်ကြီး အချောင်သမားတွေ ဝင်လာကြတယ်။ တချို့ကြတော့ ယီးတီးယားတားနဲ့ ဝင်လာကြတယ်။ မြန်မာတွေက အလှူဒါန ရက်ရောလွန်းအားကြီးတယ်။ ဒါကြောင့် မတိုးတက်ဘဲ အချောင်သမားတွေ ပေါလာတယ်။ သင်္ကန်းလည်း မရှားဘူး၊ ကျောင်းလည်း မရှားဘူး၊ ဘုရားလက်ထက်က သင်္ကန်းရှားလို့ သိက္ခာပုဒ် ပညတ်ရတယ်။ တနေ့ကလည်း လူတယောက် ခေါင်းညှပ်ဆိုင်ဝင်ပြီး ခေါင်းတုံးရိပ်ပြီး အဲဒီအနားမှာပဲ သင်္ကန်းဝတ်လိုက်သတဲ့၊ အချောင်သမားတွေ များကုန်ပြီ။
(အမရပူရ  မဟာဂန္ဓာရုံ ဆရာတော်)


ဂုဏ်ကျက်သရေတက်အောင်လည်း သူများက လုပ်မပေးနိုင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ရတယ်။ ဂုဏ်ကျက်သရေယုတ်အောင်လည်း သူများလုပ်တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်တယ်။ အဲဒါကြောင့် အားလုံး ကိုယ့်ဂုဏ်ကျက်သရေ သူများလုပ်ပေးလို့မရဘူး။ ကိုယ့်ဟာကိုယ် ကြိုးစားကြဖို့။ ကိုယ့်ဂုဏ်ပျက်အောင်လည်း သူများက ကိုယ့်ဂုဏ်ဖျက်တယ်လို့ မအောက်မေ့နဲ့။ သြော်...တို့များ အမှားအယွင်းရှိခဲ့လို့ တို့ဂုဏ်သိက္ခာကျတယ်လို့ အဲဒီလို တွက်ကြည့်။ အဲဒီတွက်ချက်မှုဟာ အမှန်ပဲ။
(သီတဂူဆရာတော် ဦးဉာဏိဿရ)


ဘုရားသာသနာတော်အတွင်းမှာ လူဖြစ်ပါလျက် ဝိပဿနာကုသိုလ်မှ ရ,မသွားဘူးဆိုရင် သာသနာတော်နှင့် တွေ့ရကျိုးမနပ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါန၊ သီလ၊ သမထ ကုသိုလ်ဆိုတာတွေက သာသနာပမှာလည်း ရှိတယ်။ ဝိပဿနာကတော့ သာသနာပမှာ မရှိဘူး။ ဒါကြောင့်ပါပဲ။
(မဟာစည်ဆရာတော်)


လူ-လူ့စည်းကမ်းနဲ့၊ 
ရဟန်း-ရဟန်းစည်းကမ်းနဲ့
သူ့စည်းကမ်းနဲ့သူ ရှိကြပါစေ။ 
အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာ တဲ့။ 
စည်းကမ်းမရှိတဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ်၊ ပရမ်းပတာကြီးပဲ။ သူတို့ကို ကြည့်ရတာ တယ်သမာဓိမရှိဘူး။
(စစ်ကိုင်း ရွှေဟင်္သာဆရာတော်)


ကောင်းကင်ကို ဈာန်တန်ခိုးဖြင့် နိုင်၏။
သမုဒ္ဒရာကို လှေသင်္ဘောဖြင့် နိုင်၏။
အမိုက်မှောင်ကို ဆီမီးဖြင့် နိုင်၏။
မသူတော်ကို အဘယ်နည်းဖြင့် နိုင်မည်နည်း။
ငရဲကြီးရှစ်ထပ်ကို ကမ္ဘာဖျက်မီး ကျွမ်းစေ၏။
မြေကြီးအထုကို ကမ္ဘာဖျက်ရေ ကြေမွစေ၏။
မြင့်မိုရ်တောင်ကို ကမ္ဘာဖျက်လေ လွင့်စေ၏။
မသူတော်ကို ဘယ်သူ ဘယ်သို့ဖြစ်စေနိုင်သနည်း။
မသူတော်ကို အမှီပြုလျှင် မသူတော်သာ ဖြစ်သည်။
ကျား၏သား သမင်မဖြစ်။ 
(ပထမရွှေကျင်ဆရာတော်-မင်းတုန်းမင်းလက်ထက်) 

စာပေတွေ ဖတ်တယ်ဆိုတဲ့နေရာမှာလည်း အဲဒီထဲက မှတ်သားစရာ၊ လိုက်နာစရာပါလာရင် ချက်ချင်းရေးမှတ်၊ ကိုယ်တိုင်ကျင့်သောအားဖြင့် အသုံးချ။ သူများတွေကိုလည်း ကြုံလာရင် ကိုယ်ကျင့်သလိုပြန်ပြပေး။ အဲဒီလိုလုပ်မယ်ဆိုရင် တနှစ်ထက်တနှစ် ပိုတော်လာမယ်။
(ဓမ္မဒူတ-အရှင်ပညာဇောတ)


ကူးစက်တဲ့ရောဂါ၊ နူနာရောဂါတို့ စွဲကပ်နေတဲ့လူ အနီးအပါးကို မကပ်ချင်ကြသလိုပဲ ဒေါသဖြစ်နေတဲ့သူ၊
ဒေါသကြီးတဲ့သူရဲ့ အနီးအပါးလည်း မကပ်ချင်ကြဘူး။
(မဟာစည်ဆရာတော်)


ကိုယ့်အပေါ် မမှန်မကန်ပြောချင်ပြောပါစေ၊ စွပ်စွဲကဲ့ရဲ့တယ်ဆိုတာ အခုမှဖြစ်ပေါ်လာတဲ့ အောက်တန်းစား အလုပ်မဟုတ်ဘူး။ ဘုရားရှင်လက်ထက်မှာကတည်းက ရှိနှင့်နေခဲ့တာပဲ။ သူများအပေါ် မဟုတ်တမ်းတရမ်းတွေ ပြောဆိုတတ်တဲ့သူတွေမှာ သေချာလေ့လာကြည့်လိုက်ပါ။ ဘယ်မှာကျက်သရေရှိလို့လဲ။ မျက်နှာမြင်ရုံနဲ့ ကြည့်တတ်ရင် သိတယ်ဆိုတာ အဖြေက အရှင်းကြီးပါပဲ။ ဦးပဉ္ဇင်းကတော့ ကြုံတိုင်းပြောမိတယ်။ မေတ္တာကလေး နာနာဖိပြီးပို့ပါ။ မေတ္တာတရားဟာ အကောင်းဆုံးတုံ့ပြန်နည်းဖြစ်တယ်။ 


လူ,လူချင်း၊ ဘုန်းကြီး,ဘုန်းကြီးချင်းလည်း အခန့်မသင့်ရင် ဆန့်ကျင်ပုတ်ခတ် ပြောဆိုတတ်ကြတာပါ။ ကိုယ့်ဘက်ကသာ မူမှန်မှန်နေပြီး မေတ္တာတရား ပွားများပေးဖို့သာလိုအပ်တယ်။ ဦးပဉ္ဇင်းတို့ဝါဒကတော့ ပေးမယ်၊ မေတ္တာပေးမယ်၊ လိုချင်သူကို ပေးလိုက်ပါ။ ကဲ့ရဲ့ချင်သူကိုလည်း မေတ္တာဓာတ်ပို့လိုက်ပါ။
(ဦးအာစိဏ္ဏ ဆေးကျောင်း တမ္ပဝတီဆင်တဲတိုက် မန္တလေး)

Wednesday, December 14, 2011

ပေးဆပ်သူပဲဖြစ်ချင်တယ်
ကောင်မလေးရယ်...
ငါ့အဖြစ်က ရင်ထဲက ချစ်တယ်ချစ်တယ်နဲ့
ငယ်သံပါအောင်အော်နေပြီးတော့
မင်းရဲ့နောက်ကနေလိုက်
မင်းကျကျန်ခဲ့တဲ့အပြုံးတွေနဲ့
မင်းရဲ့မျက်ဝန်းကအကြည့်တွေကို
လိုက်ကောက်ရင်းပေးဆပ်နေတဲ့သူပါကွာ...
မင်းလိုအပ်ရင်ယူသွားပါလား...
ငါ့ရဲ့နှလုံးသားကိုလေ
ဘာမှသုံးလို့မရဘူးဆိုရင်တောင်
အနည်းဆုံးတော့မင်းမြိန်ယှတ်စွာနဲ့သုံးဆောင်ဖို့
Barbicuလောက်တော့ဖြစ်ပါရဲ့ကွာ...
ငါကမင်းရဲ့လက်ထဲက
Ph7ရှိတဲ့ရေသန့်မဟုတ်လို့
သောက်ဖို့မဖြစ်နိုင်ရင်တောင် အနည်းဆုံးတော့
မင်းရဲ့လှပတဲ့ခြေထောက်လေးကိုဆေးကြောဖို့
တော့ဖြစ်နိုင်ကောင်းပါရဲ့ကွာ...
မင်းလေးလိုအပ်ချက်တွေရှိသေးရင်
ယူသွားလိုက်ပါလေ မင်းနဲ့ပတ်သက်ပြီး
ငါ့အတွက်အသုံးမကျတဲ့ငါ့ရဲ့ဦးနှောက်ကိုလေ
မင်းအတွက်အသုံးမကျဘူးဆိုရင်တောင်
အနည်းဆုံးတော့မင်းအိမ်ကမွေးထားတဲ့
ခွေးလေးရဲ့မနက်စာတော့ဖြစ်နိုင်ပါရဲ့ကွာ...
ယူသွားလိုက်ပါတော့ကွာ
မင်းနဲ့ပတ်သက်ပြီးအသုံးမကျတော့တဲ့
ငါ့ရဲ့ငွေ့ငွေ့ပဲရှိတော့တဲ့အသက်ကိုလေ
မင်းအတွက်အသုံးမကျဘူးဆိုရင်တောင်
အနည်းဆုံးတော့မင်းခေတ်တနားခိုဖို့
ရင်ခွင်သစ်ဖြစ်လာမှာပေါ့ကွာ
နားလို့ဝရင်တော့ နင်းခြေပြီး
ပြန်သွားလိုက်ပါတော့ကွာ...

အသံတိတ်မိုနိုလော့

ငါနှလုံးသားကိုငါကိုယ်တိုင်ကျောက်စာထိုး

ရင်ခွင်ရိုးပေါ်မှာပေါ်လာတာကနင်တဲ့

နင်မသိခဲ့ပေမဲ့ နင်သိစေဖို့ လည်းငါ

မရည်ရွယ်ခဲ့ ပါဘူး

ဒါကိုတောင်ရိပ်စားမိတဲ့ပတ်ဝန်းကျင်က

ငါ့ကိုအပြစ်တင်လို့ မဆုံး

ငါကတော့ခပ်ပြုံးပြုံးရယ်

စိတ်ချပါငါဟာနှလုံးသားတံခါးကို

ငါရဲ့ အချစ်တွေနဲ့ ဖွင့်နိုင်တဲ့နေ့ အထိ

ဘေးကစောင့်ကြည့်ရင်ခုန်မယ်သူပါကွာ......

ဝမ်းမနည်းကြေး

ချန်ခဲ့ပါ
ကျန်ခဲ့မှာပါ
ဒါပေမဲ့
ပြန်လှည့်မလာပါနဲ့
မချစ်တော့ဘူးလို့
မင်းနှုတ်ခမ်းက ပြောခဲ့ပေမဲ့
မင်းရင်ထဲမှာ ငါ့အတွက်
နေရာလေးတနေရာ ရှိခဲ့မှာပါ
အဲ့ဒိနေရာလေးက မင်းအတွက်တော့
အပျင်းပြေစရာလေးတခုဖြစ်ခဲ့မယ်
ဆိုရင်တောင်
ငါ့ရင်ထဲမှာတော့
မင်းအတွက်
နာကျင်စရာ
နေရာတခုတော့
ရခဲ့တာပေါ့
အဲ့ဒါ မင်းကိုချစ်လို့မဟုတ်ခဲ့ဘူး
နာကျည်းခဲ့တာပါ.........................

 ခေါင်းအုံးလေးသိပါတယ် မမရယ် 

လွမ်းမျက်ရည်စက်
အိပ်ရာထက်ဝယ်
တွေးလျှက်လွမ်းနေ
ဆွေးမပြေလို့ 
မဖြေသာလို့ပဲ
ချစ်နေဆဲပါ
ရင်ထဲတွယ်ငင်
သံယောဇာဉ်ကြောင့်
နေ့ စဉ်အိပ်ယာ
ဝင်သောခါဝယ်
စီးကာကျွေကျ
မျက်ရည်စကို
ခေါင်းအုံးလေးကသိပါတယ်
မမရယ်..............

တိုးတိတ်

ရင်ထဲကအချစ်တွေ
ခံစားမှုတွေကိုမြိုသိပ်
တိုက်ပိတ်ထားခဲ့တာ
နှစ်တွေကြာခဲ့ပါပြီ
ဟန်ဆောင်ကောင်းလွန်းတဲ့ငါ
ဘယ်သူမှမရိပ်မိဘူးပေါ့
နင့်မျက်နှာလေးမြင်ရရုံနဲ့
ငါရောင့်ရဲခဲ့တာ
လမှနှစ်သို့ပြောင်း
ကြာခဲ့ပါပြီလေ
အရိပ်အယောင်လည်းမပြခဲ့
ရင်းရင်းနှီးနှီးလည်းမနေခဲ့ပဲ
နင့်ကိုမြင်ရုံနဲ့အခုထိ
ငါကျေနပ်တုန်း…………

 ရင်နာနေဆဲ

နင်သာလျှင် ငါ့ ဘဝ
နင်သာလျှင် ငါ့အချစ်ဆုံးပါ
မမုန်းကြေးလို့ ကတိထားလည်း
အပြုံးလေးနဲ့ နင်ထားပြေးတယ်
အဖြေရယ်မရှိ ကြည့်မိ့တိုင်းလည်း
ေ၀၀ါးနေတယ် တွေးလိုက့်တိုင်းလည်း
မျက်ရည်လေးတွေ ၀ိုင်းခဲ့ရတယ်...
ပြောနေကျ နင်စကားလေးတွေ
မက်မောလိုက့်တာ...
ချစ်ဇောတွေနဲ့ ရင်မောနေရတယ်
ခုတော့တကယ် နင်ထားသွားခဲ့တာပါပဲ..
မဖြေသာလည်း ရင်နာနေဆဲ
ငါနှလုံးသားလေ တဆတ်ဆတ်ကို
တုန်ခါနေတုန်းပါပဲဟာ..

အသက်မဲ့…….ငါ

အဲဒီနေ့………(      )

လက်မောင်းသွေးနဲ့ရေးထိုးတဲ့

ငါ့နှလုံးသားရဲ့ဒိုင်ယာရီမှာ

သစ္စာစကားတွေသွေးတိုး

ငါ့အချစ်တွေသူခိုး ခိုးခံလိုက်ရတယ်…၊

ယုတ္တိမရှိတဲ့ အပြုံး

ကျိန်စာသင့်နေတဲ့အမုန်းတွေနဲ့

ငါ့အနာဂတ်တစ်ချို့ မီးရှို့ခံရ ။

ခပ်အအ သစ်ပင်တစ်ပင်လို

တစစ ခုပ်လှဲခံရလည်း

နင်နွေးထွေးဖို့ငါ…လောင်ကျွမ်းပေးနေတယ်

မေ့လိုက်စမ်းပါဟာ…….

ပြာကျနေတဲ့ နှလုံးသားအတွက်

အဲဒီညက…..နင့်ခေါင်းပေါ်မှာ

ဆုမတောင်းဘဲ ကြယ်တွေတ၀ုန်းဝုန်းကြွေနေမယ်။

သိုလှောင်ခြင်း

“မေတ္တာ” ဆိုတဲ့ ပန်းနုလွှာ၊
သိမ်းဆည်းကာ ရင်မှာစု၊
ဘယ်သူ့တွက်လဲ၊ မဆင်ရဲသူမို့၊
ရင်ထဲမှာ ပန်းတွေစု၊
သူ့တွက်ပါပဲ။ “စကား” ဆိုတဲ့ ငှက်ညိုပြာ၊
နားနေကာ နှုတ်မှာစု၊ ဘယ်သူ့တွက်လဲ၊
တေးသီစမ်းမယ်လို့၊ နှုတ်ခမ်းမှာ ငှက်ပြာနု၊
သူ့တွက်ပါပဲ။ “မျက်ရည်” ဆိုတဲ့ ပုလဲသွယ်၊
မျက်ဝန်းဝယ်သိမ်းကာစု၊
ဘယ်သူ့တွက်လဲ၊ သူကစိမ်းလေတော့၊
မငြိမ်းနိုင် အပူဆို့မယ့်၊ ကိုယ့်အတွက်ပါပဲ။


နူတ်ဆက်အလွမ်း

စိတ်ရှိတိုင်းသာ ကြွေလိုက်ရရင် …
ဒီအပင် ……………………
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး ။
စိတ်ရှိတိုင်းသာ ဝေလိုက်ရရင်…
ပိတောက်ပန်းတွေ …………………
ဒီလောက် လွမ်းစရာမကောင်းနိုင်ဘူး။
ခုတော့ ……………………..
အလွမ်းစိတ်နဲ့ တစ်ပင်လုံးဝေ
ပင်လုံးညွတ်နေပေမယ့် ………
လွမ်းတယ်” ဆိုတဲ့စကားတစ်ခွန်းတောင်
သုံးခွင့်မရှိတော့သူပါ “…. ” ရေ….။
တစ်ကယ်တမ်း ……..
တမ်းတခြင်းဆိုတာက ……
အနေဝေးမှပွင့်တဲ့ပန်း ….။
အချစ်…ဆိုတာက………
ကမ်းမမြင်မှ လှတဲ့ပင်လယ်…။
အလွမ်းဆိုတာကတော့ …
ကိုယ်တို့အတွက် ……
ဘယ်ဆီဘယ်ဝယ်
ဆိုတာမျိုးပါပဲကွယ်…….။
“ထင်သလောက်….
မရင့်ကျက်သေးပေမယ့် …
ဝေးသလောက် ………..
အလွမ်းရင့်တဲ့ ရာသီမှာ…
မင်းနဲ့ငါ လည်း
နံရံထူထူသာ ခြားစေတော့ …..။

`နိဒါန်းမဲ့ နိဂုံး´

အိမ်မက်တစ်ခုပါလို့ ငါကိုယ်ငါ ဖြေသိမ့်ခဲ့ရ
ငါရှာဖွေနေခဲ့တာပေါ့ အာဒမ်ရဲ့ နံရိုးလေး…
ဒီအချိန်မှာ `၀ုန်း´ခနဲလာဆောင့်
ဘယ်ဘက်ရင်အုံမှာ တော်တော်အောင့်သွားခဲ့
`အချစ်´ ဖြူသလား၊ မဲသလား မကွဲပြားခင်
ငါ့နှလုံးသား မွမွကြေသွားခဲ့တယ်…
ငါဟာ ရှုံးနိမ့်သူ မဟုတ်ပါဘူး ..............

ယှဉ်ပြိုင်ခွင့်တောင် မရခဲ့သူပါ…
ပိုင်ရှင်ရှိတဲ့ ပန်းတစ်ပွင့်ကို

နမ်းခွင့်တောင် မမျှော်ကိုးရဲ အဝေးက
တမ်းတလွမ်းနေရရုံပါပဲ…

အားလုံးကို စွန့်လွှတ်ရရင်တောင်
သတိရခြင်းကို ငါပိုင်တယ်´ဆိုတဲ့....

တာရာမင်းဝေရဲ့ စာသား ငါ့အတွက်တော့ မှားနေခဲ့…
တောင်ပံကျိုးပျက်ခဲ့တဲ့ ငှက်တစ်ကောင်အတွက်
သတိရခွင့်တောင် ရှိသေးရဲ့လား
မစဉ်းစားချင်တော့ဘူး…