Wednesday, December 28, 2011
ကမ္ဘာတစ်လွား ရင်သပ် ရှုမော ဖွယ်ရာ တံတား (7) စင်း
9:22 AM
No comments
ကမ္ဘာတစ်လွား ရင်သပ် ရှုမော ဖွယ်ရာ တံတား (7) စင်း
အမေရိကန် သတင်းဝဘ်ဆိုက် The Huffington Post မှ ကမ္ဘာတစ်လွား ရင်သပ်ရှုမောဖွယ်ရာ တံတားများ (World’s most stunning bridges) ကို ရွေးချယ်ခဲ့ရာ ထိုတံတားများသည် တည်ဆောက်မှု အင်ဂျင်နီယာ နှင့် ဗိသုကာပညာပိုင်း အံ့သြချီးမွန်းဖွယ် ဖြစ်ရုံသာမက တည်ရှိရာဒေသ၏ အလှအပဆိုင်ရာ အမှတ်အသား ပုံရိပ်များလည်း ဖြစ်ကြသည်။

Hangzhou Bay Bridge in China

Gateshead Millennium Bridge in England

Coronado Bridge in U.S

Bosphorous Bridge in Turkey

Sunniberg Bridge in Switzerland

Confederation Bridge in Canada

Khaju Bridge in Iran

Monday, December 26, 2011
ဟွန်ဒါ၏ အပေါ့စား ဂျက်လေယဉ် HondaJet ၏ ပထမဆုံးအကြိမ် စမ်းသပ် ပျံသန်းမှု အောင်မြင်
8:50 PM
No comments
ဂျပန်နိုင်ငံအခြေစိုက်
ဟွန်ဒါ ကားကုမ္ပဏီသည် Honda Aircraft Company အဖြစ် လေယဉ်ထုတ်လုပ်ရေး
နယ်ပယ်သို့ ဝင်ရောက်လာရာ ၎င်း၏ အဆင့်မြင့် အပေါ့စား ဂျက်လေယဉ် ဖြစ်သော
HondaJet အတွက် လေကြောင်းပျံသန်းမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ (FFA) ၏
အတည်ပြုချက် ရယူရန် ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ
ပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် HondaJet သည် လေထုထဲတွင် ၅၁
မိနစ်အကြာ ပျံသန်းမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ပျံသန်းမှု ခရီးစဉ်အတွင်း လေယဉ်၏
ပျံသန်းပုံအနေအထားနှင့် စွမ်းရည်တို့ကို စမ်းသပ် စစ်ဆေးခဲ့ကြသည်။
HondaJet ၏ ပျံသန်းမှု စနစ်တစ်ခုလုံး စမ်းသပ် စစ်ဆေးပြီးသကဲ့သို့
မြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်ရှိ Honda Aircraft Company ၏
လေယဉ်ထုတ်လုပ်ရေး စက်ရုံမှာလည်း ပြီးစီးလုနီးပါရှိပြီ ဖြစ်သည်။လာမည့် ၂၀၁၂
ခုနှစ်တွင် HondaJet ကို အမေရိကန်ဒေါ်လာ ၄.၅ သန်းဖြင့်
တင်ပို့ရောင်းချနိုင်ရန် ဟွန်ဒါ ကုမ္ပဏီက စီစဉ်ထားသည်။

| Source:AsianTown
Bridgestone ၏ အနာဂတ် ကား တာယာများ လေထိုး လေဖြည့်ရန် မလိုတော့ဘူးလား
8:11 PM
No comments
နာမည်ကျော်
ဂျပန်အခြေစိုက် တာယာထုတ်လုပ်သူ Bridgestone Corp မှ အနာဂတ်ကာလ အတွက် သဘာဝ
ပါတ်ဝန်းကျင်းနှင့် ပိုမို သဟဇာတဖြစ်ပြီး လေထိုး လေဖြည့်ရန် မလိုသော
မျိုးဆက်သစ် တာယာတစ်မျိုးကို ယခုနှစ် တိုကျိုကားပြပွဲ ၂၀၁၁ တွင် ထုတ်ဖော်
ပြသခဲ့ကြောင်း သိရသည်။

Bridgestone မှ ထုတ်လုပ်လိုက်သော အဆိုပါ လေမဲ့ တာယာပုံစံသစ်သည်
အတွင်းပိုင်းတိုင် ကော်စေး အချောင်းလေးများကို ပိုက်ကွန်သဖွယ်
ရက်လုပ်ထားပြီး အသုံးပြုသော ယဉ်၏ အလေးချိန်ကို ထောက်ခံပေးနိုင်ရန်
ပြုလုပ်ထားသည်။ ကုမ္ပဏီ၏ ပြောကြားချက်အရ တာယာတွင် အသုံးပြုထားသော
ပစ္စည်းများအားလုံးကို ပြန်လည်အသုံးချ၍ ရမည်ဟု ဆိုသည်။ “ဒီတာယာက ကားဆောင့်တဲ့ဒဏ်ကို လုံလုံလောက်လောက် ခံနိုင်ရည်ရှိတဲ့ အတွက် စီးနင်းတဲ့အခါ သက်တောင့်သက်သာ ဖြစ်မှာပါ” ဟု ကုမ္ပဏီ ထာဝန်ရှိသူများက ဆိုပါသည်။

ကုမ္ပဏီ အနေဖြင့် လေမဲ့ တာယာသစ်၏ တာရှည်အသုံးခံနိုင်မှုကို ဆက်လက်
စမ်းသပ်နေဆဲ ဖြစ်ပြီး စတင်ရောင်းချရန် ရည်ရွယ်ထားသည့် ၂၀၁၃ ခုနှစ် အမှီ
စီးပွားဖြစ် အများအပြား ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
တစ်နာရီ ကီလိုမီတာ ၅ဝဝ မြန်တဲ့ မြန်နှုန်းမြင့် ရထား တရုတ်စမ်းသပ်
8:00 PM
No comments
တစ်နာရီကို
ကီလိုမီတာ ၅ဝဝ ပြေးဆွဲနိုင်စွမ်းရှိတဲ့ ဆူပါအမြန် ရထားကို စမ်းသပ်
မောင်းနှင်ခဲ့ပြီလို့ တနင်္လာနေ့က တရုတ် နိုင်ငံပိုင် သတင်းဌာနက
ကြေငြာလိုက်ပါတယ်။ ရှေးဟောင်း တရုတ် ဓား ပုံစံဒီဇိုင်းကို ပြန်ပြီး
ပုံဖော်ထားတဲ့ ဒီ စူပါအမြန်ရထားဟာ၊ တရုတ်ပြည်ရဲ့ အကြီးဆုံးဖြစ်တဲ့
ရထားတွဲ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ CSR ကော်ပိုရေးရှင်း လီမီတက်က
တည်ဆောက်ခဲ့တယ်လို့ ဆင်ဟွာ သတင်းအေဂျင်စီက သတင်းပေးပို့ခဲ့ပါတယ်။
“လက်ရှိ ပြေးဆွဲနေတဲ့ အမြန်ရထားတွေအတွက် အသုံးဝင်တဲ့ အထောက်အထား
အချက်အလက်တွေ ပေးလာနိုင်ပါလိမ့်မယ် ” လို့ ရထားပိုင်းဆိုင်ရာ
ကျွမ်းကျင်သု ရှင်ဇီယွန်းက ပြောပါတယ်။ “ဒါပေမယ့် တရုတ်ပြည်ရဲ့
ရှေ့အနာဂါတ်မှာ ဒီလောက်မြန်တဲ့ ရထားတွေပြေးဘို့ မလိုအပ်ပါဘူး” လို့
ရထားတွဲ ထုတ်လုပ်ရေး ကုမ္ဗဏီဖြစ်တဲ့ CSR ကော်ပိုရေးရှင်း လီမီတက် ဥက္ကဌ
ရှောင် ချီကောင်းက “ဘီဂျင်း နံနက်သတင်း” မှာ ပြောထားပါတယ်။ “ ကျနော်တို့
ရည်ရွယ်ချက်က လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းတဲ့ ရထားတွေ ပြေးဆွဲရေးပဲ
ဖြစ်ပါတယ်” လို့ဆိုသွားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အထူးမြန်ရထား ၂ စင်းတိုက်မိပြီး လူ ၄ဝ ကျော်
သေဆုံးခဲ့ရတဲ့ တရုတ်နိုင်ငံရဲ့ မီးရထား ထုတ်လုပ်မှုဟာ အခက်အခဲတွေ
ရင်ဆိုင်ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ အဲ့ဒီကတည်းက စူပါအမြန်ရထားတွဲ တည်ဆောက်
ထုတ်လုပ်ရေးဟာ ရပ်တန့်သွားလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလမှာ
ရထားပို့ဆောင်ရေး လုပ်ငန်းများ တိုးတက်ရှင်သန်ရေးရဲ့ အဓိကကျတဲ့
ရထားပို့ဆောင်ရေးဝန်ကြီး လျူဇီဂျန်းဟာ လာဘ်စားမှု အဂတိမှုတွေနဲ့ ရာထူးက
ဖယ်ရှားခံလိုက်ရပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင် နေရခြင်းတော့
မရှိသေးပါဘူး။
ချစ်သူ၏စိတ်ကြွဆေးတိုက်ခြင်းခံခဲ့ရသောကြောင့် ရူးသွပ်သွားသောမိန်းကလေးတစ်ဦး..
7:31 AM
No comments
ဒီ အမက ရန်ကုန်သူလေးလို့သိ၇တယ် အသက်က ၂၀ ၀န်းကျင်ပါ....ဒါပေမဲ့
ရည်းစားတစ်ယောက်ရဲ့ မကောင်းတဲ့ စိတ်ဓာတ်နဲ့ စိတ်ကြွဆေးတိုက်ခံရပြီါ်
ထားပစ်ခံရလို့ စိတ်မမှန်တော့တဲ့သူတွေပါ..ခ
ုတွေ့နေရတာ စစ်တွေကမ်းခြေမှာပါ.ခုတော့ သူကိုရဲစခန်းက
ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်..ပါးစပ်သရမ်းဖို့
မပာုတ်ပါ.သနားစရကြောင်းတဲ့ သူ့ဘ၀ကို ကိုယ်ချင်းစာတတ်ကျပါစေ.....
............မိဘတွေကတော့ ဘယ်သူမှန်း မသိရသေးပါတဲ့
နှမချင်းကိုယ်ချင်းမစာတဲ့ကောင်ပါပဲ.......
ကျွန်တော်ကတော့ဒီလိုကောင်မျိုးမြန်မာပြည်မှာ အလိုမရှိပါဘူး..
ချစ်သူမြို့ တော်မှ ကူးယူတင်ပြသည် ...
Sunday, December 25, 2011
သဘောကျစရာ အလှမွေး ငါးကန် ဒီဇိုင်း ဆန်းဆန်း (၁၀) ခု
1:53 AM
No comments
လှလှပပ
ငါးကန်ထဲတွင် ကူးခတ်နေသော အလှမွေး ငါးကလေးများကို ကြည့်ရှုမိသူတိုင်း
လိုလို စိတ်ကြည်နှုး နှစ်သက်မိကြသည်။ အလှမွေးငါး မွေးမြူခြင်းသည်
စိတ်ကြည်နှုးဖွယ်ရာ အလုပ်တစ်ခု ဖြစ်သလို တယုတယ ဂရုစိုက်ရသော အလုပ်တစ်ခုလည်း
ဖြစ်သည်။
ပုံမှန် တွေ့မြင်နေကျ မှန်ပုံ သို့မဟုတ် ဖန်အိုး ထဲတွင် မွေးမြူခြင်း မဟုတ်ဘဲ ဒီဇိုင်း ဆန်းဆန်းနှင့် သဘောကျစရာ အလှမွေးငါးကန်များထဲတွင် ပြင်ဆင် ထည့်သွင်းပြီး ရွှေငါးလေးများ မွေးမြူလျှင် ငါးမွေးမြူရခြင်းသည် ဝါသနာပါရာ အလုပ်များတွင် ပိုမိုစိတ်ပျော်မွေ့ဖွယ် ကောင်းသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။
၁။ ပုံမှန် တယ်လီဖုန်းရုံတစ်ခုကို ရေလုံအောင် ပြင်ဆင်ပြီး အလှဆင်လိုက်သော အခါ ဆန်းဆန်းပြားပြား ငါးမွေးကန်လေး ရရှိလာသည်။ Source
၂။ Octopus Studio မှ ပုံစံထုတ်ထားသော ငါးမွေးကန်သည် အလုံးပုံ ဖန်အိုးများကို တစ်ကန်နှင့် တစ်ကန် ဆက်ထားသော ပုံစံဖြစ်ပြီး ငါးမွေးဖန်အိုးများနှင့် ငါးအများကြီး မွေးမြူလိုသူများ အတွက် ရော ကန်လည်ထွက်လိုသည့် ရွေငါးလေးများ အတွက်ရော အဆင်ပြေမည့်ပုံစံ ဖြစ်သည်။ Source
၃။ သင့်၏ လက်ဆေး ကြွေဇလုံအောက်တွင် ငါးလေးများ ကူးခတ်နေသည့်ကို စိတ်ကူးမိပါသလား။ ဖန်သားနှင့် ပြုလုပ်ထားသော လက်ဆေးကန်ဖြစ်သည့် sink aquarium ကတော့ ထိုစိတ်ကူးကို အကောင်အထည် ဖော်ပေးပေလိမ့်မည်။ Source
၎။ သင့် ၏ Nike Air Max 360 ဖိနပ် ဟောင်းသွားပြီးလား။ လွင့်ပြစ်ဖို့ မလုပ်ခင် အပြင်အခွံကို လှလှပပ ငါးကန်လေးအဖြစ် ဖန်တီးကြည့်ပါ။ ငါးအကြီးတွေတော့ မွေးလို့ မရဘူးပေါ့။ Source
၅။ အကယ်၍ သင်ဟာ Apple ခရေစီ တစ်ယောက်ဖြစ်သည် ဆိုပါစို့။ သင်၏ Apple G4 Cube ကွန်ပျူတာကို မသုံးတော့ဘူးဆိုလျင် Computer Case ကို Apple တံဆိပ်နှင့် လှလှပပ ငါးကန်လေးအဖြစ် ပြောင်းလဲနိုင်ပါသည်။ Source
၆။ ကော်ဖီစားပွဲ အောက်ဖက်မှာ အလှမွေးငါးလေးများ လှလှပပ ကူးခတ်နေသည်ကို မြင်ချင်ပါသလား။ OpulentItems.com မှာ ရောင်းချတဲ့ Coffee Table aquarium က သင့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အောက်ခံ လျှပ်စစ်မီး၊ ရေစစ်နဲ့ ရေပန့်တွေ အပါအဝင် ဖြစ်ပြီး ဒေါ်လာ ၅၅၀ လောက်တော့ ကျသင့်ပါလိမ့်မယ်။ Source
၇။ တစ်ခါတစ်ရုံ ငါးလေးတွေကို တစ်နေရာရာ သယ်သွားဖို့ အခက်တွေ့နေလား။ ဒီ ဖန်အိုးလေးကတော့ ဒီအခက်အခဲတွေကို ပြေလည်ပါလိမ့်မယ်။ Source
၈။ ငါးမွေးကန်တွေရဲ့ ဖန်သား ထောင့်အချွန်တွေကို မကြိုက်ဘူးဆိုရင်တော့ အခုလို အနားဝိုင်းနဲ့ ငါးမွေးကန်ကို နှစ်သက်မှာ အသေအချပါပဲ။ Source
၉။ ဆန်းဆန်းပြားပြား ငါးမွေးကန်ပါပဲ။ ကန်နှစ်ခုကို ဖန်သား ကန်တစ်ခုနဲ့ ထပ်ပြီး ဆက်သွယ်ထားတာပါ။ Source
၁၀။ ဂျာမနီနိုင်ငံ ဘာလင်မြို့က Radisson SAS ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်မှာ ၁၅ မီတာ (၈၂ ပေ) မြင့်တဲ့ ငါးမွေးကန်ကြီးပါ။ ဆလင်ဒါပုံ ငါးကန်တွေထဲမှာ အကြီးဆုံး အလှမွေးငါးကန်လို့ ပြေရပါမယ်။ Source
PatheinCity News | Source :10awesome