Search This Blog

Friday, December 23, 2011

ကမ္ဘာ့ ပထမဆုံး ခြေနင်းပြီး မောင်းနှင်နိုင်သော ရေငုပ် သင်္ဘော စမ်းသပ် အောင်မြင်

ကာဗွန်ဖိုက်ဘာ ကိုယ်ထည်ကို အသုံးပြုကာ ရေထုတွင် လွယ်ကူစွာ ထိုးဖောက် ခုတ်မောင်းသွားလာ လှုပ်ရှားနိုင်ရန် ပြေပြစ် သွက်လက် သည့် ပုံသ္ဌာန် ပြုလုပ်ထားသည့်  Scubster အမည်ရှိ ခြေနင်း ပြီးမောင်းနှင်ရသော တစ်ယောက်စီး ရေငုပ်သင်္ဘောကို ပြင်သစ် ဒီဇိုင်နာ Minh-Lôc Truong နှင့် Stephane Rousson တို့က တက္ကသိုလ် အင်ဂျင်နီယာ အဖွဲ့၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်။

၂၀၁၀ ဇူလိုင်လ ၂၈ ရက်နေ့က အဆိုပါ ခြေနင်း ရေငုပ်သင်္ဘော Scubster ကို  ဒီဇိုင်နာ Stephane Rousson က စီးနင်း လိုက်ပါလျက် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ရေပြင်အောက်တွင် အောင်မြင်စွာ စမ်းသပ်မောင်နှင် နိုင်ခဲ့ပြီဖြစ်သည်။

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

http://patheincity.com/news/

ကိုယ်ထည် အဝါရောင် နှင့် တော်ပီဒို တစ်လုံးနှင့် ခပ်ဆင်ဆင်တူသော ထိုခြေနင်း ရေငုပ်သင်္ဘော Scubster ကို အမြန်နှုန်း တစ်နာရီလျင် ၁၀ ကီလိုမီတာ (တစ်နာရီ ၆.၂ မိုင်) အထိသွားနိုင်ပြီး ရေအနက် ၅ မီတာ (၁၆ ပေ) အထိငုပ်နိုင်ရန် ပုံစံထုတ်ထားသည်။

Scubster ကို လာမည့် ၂၀၁၁ ဇွန်လတွင် မေရီလန်းရှိ Naval Surface Warfare Center-Carderock Division တွင် ကျင်းပမည့် နိုင်ငံတကာ ရေငုပ်သင်္ဘော ပြိုင်ပွဲ (International Submarine Race) တွင် ပြသနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်

Source : http://patheincity.com/news/index.php/2010/08/worlds-1st-pedal-powered-submarine-makes-debut/#ixzz1hQbfzPie
မြို့တော်ပုသိမ် သတင်းစဉ်  မှကူးယူတင်ပြသည် ။

0 comments:

Post a Comment