Search This Blog

Friday, January 13, 2012

နှင်းခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲ ၃၃မိနစ်ကြာနေခဲ့သူ

နှင်းခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲ ၃၃မိနစ်ကြာနေခဲ့သူ


တရုတ်ပြည် အရှေ့မြောက်ဖက် Heilongjiang စီရင်စုမှ Harbin မှာ ဖန်သေတ္တာတစ်ခုထဲကို Jin Songhao ဆိုသူက ၀င်ရောက်သွားခဲ့ပါတယ် ။ သူ့ခန္ဓာကိုယ်မှာတော့ ဘာမှ ၀တ်ဆင်ထားခြင်းမရှိခဲ့ပါဘူး ။ အဲဒီနောက်မှာ စမ်းသပ်သူတွေက သူဝင်ထိုင်လိုက်တဲ့ ကန်ထဲမှာ ထူထပ်တဲ့ နှင်းခဲတွေဖြည့်လိုက်ပါတယ် သူ့ခန္ဓာကိုယ် တ၀က်လောက်မြုပ်အောင်လို့ပေါ့ ။ အံ့သြဖွယ်ကောင်းလောက်အောင်ပဲ အသက် ၅၄ နှစ်အရွယ် ဒီလူ ဟာ အေးခဲနေတဲ့ကန်ထဲမှာ ၃၃ မိနစ်ကြာအောင်နေပြနိုင်ခဲ့ပါတယ် ။ အဲဒီလိုနေစဉ်အတွင်းမှာ သူဟာ ဘီယာ ၂ ပုလင်း နဲ့ မြေပဲတွေကို တအိအိစားပြီးနေခဲ့ပါတယ် ။



ဒီလို အေးခဲနေတဲ့ နှင်းကန်ထဲက ထွက်လာပြီးတဲ့အခါမှာတော့ Mr Songhao ရဲ့ ခန္ဓာကိုယ်မှာ နင်းကိုက်နာ အနည်းငယ်ကိုတော့ တွေ့ခဲ့ရပါတယ် ။ ယခုလတ်တလော အေးခဲနေတဲ့ကန်ထဲ အကြာ ဆုံး နေနိုင် သူအ ဖြစ်မှတ်တမ်းတင်သူကတော့ ရေခဲ ကန်ထဲမှာ မိနစ် ၁၂၀ ကြာအောင်နေပြထားတဲ့လူသားပဲဖြစ်ပါတယ် ။ သူ့မတိုင် ခင်တုန်းကတော့ ၁၁၈ မိနစ်နဲ့ စံချိန်တင်ထားသူတစ်ဦးလည်းရှိပါသေးတယ် ။


သက်တန့်ချို မှ ကူးယူတင်ပြသည်။

0 comments:

Post a Comment