1-ယောက်ျာလေးတွေရဲ့အကြောင်းကို ပိုသိလာမယ်
(အဲဒီထဲမှာမှ ကိုယ်လက်မခံနိုင်တဲ့အကျင့်တွေ ကိုယ်လက်ခံနိုင်တဲ့အကျင့်တွေသိနိုင်မယ်)
2-ဘယ်သူက ကိုယ့်ဘ၀ကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူလဲဆိုတာ သိလာနိုင်တယ်
(ပြောရရင် ကိုယ့်ဘ၀ကို ပြည့်ပြည့်စုံစုံဖန်တီးပေးနိုင်တဲ့သူကို ရွေးနိုင်မယ်)
3-ကိုယ့်မိဘအသိုင်းအ၀ိုင်းကလက်ခံနိုင်တဲ့သူကို အကြိုက်ရွေးနိုင်တယ်
( ဒါမှ နောင်တစ်ချိန် မိဘကိုပြန်ကြည့်နိုင်မဲ့သူမျိုးဖြစ်မယ်)
4-ဘယ်သူက ကိုယ့်အပေါ်ဘယ်လောက်အနစ်နာခံချစ်သလဲ သေချာသိနိုင်မယ်
( ကိုယ်က နဲနဲဆိုးတတ်ရင် အဲလိုလူမျိုးမှဖြစ်မှာ)
5- အဓိက အချက်ကတော့ ကိုယ်က ဘယ်သူ့အပေါ်အချစ်ဆုံးလဲဆိုတာ သေချာသိနိုင်မယ်
( ကိုယ်ချစ်တဲ့သူနဲ့ဆို တူနှစ်ကိုယ်တဲအိုပျက်မှာ နေပီး ထမင်းရည် လျက်နိုင်တယ်ဆိုတဲ့ စကားရှိတယ်မို့လား)
ရည်းစားအများကြီးထားရတဲ့ ဆိုးကျိုး
1-ရည်းစားများတဲ့သူဆိုပြီးအထင်သေးခံရမယ်
2-သူ့ဘက်မိဘအသိုင်းအ၀ိုင်းက ငြိုငြင်တာခံရမယ်
3-ဘ၀တစ်လျှောက်လုံး သူ့အတွက်နိုင်ကွက်ဖြစ်သွားမယ်
4-ယောက်ျားလေးတွေရဲ့ ပညာပေးခြင်းခံရမယ်
5-အဓိကကတော့ ကိုယ်တကယ်ချစ်တဲ့သူကို ဆုံးရှုံးဖို့အရမ်းနီးစပ်သွားမယ်
တစ်ယောက်တည်းပဲချစ်ချင်တဲ့ကောင်းကျိုး
1- ရည်းစားမများတဲ့နာမည်ကောင်းရလိမ့်မယ်
2-မိဘအတော်များများက သဘောကျတာခံရမယ်
3-ယောက်ျားလေးအတော်များများရဲ့အထင်ကြီးတာခံရမယ်
4-ကိုယ်တစ်ကယ်ချစ်တဲ့သူရဲ့တန်ဖိုးထားတာ ခံရမယ်
5-အဓိက ကတော့ ကိုယ့်ချစ်သူအတွက်ဖြူစင်တဲ့ ဇနီးကောင်းဖြစ်လာလိမ့်မယ်
တစ်ယောက်တည်းပဲချစ်ချင်တဲ့ ဆိုးကျိုး
1-ကိုယ်ချစ်သူရဲ့လှည့်စားတာကိုမကြာခဏ ခံရတတ်တယ်
2-ကိုယ့်ပတ်ဝန်းကျင်မှာသူ့ထက်တော်တာတွေကို လက်လွှတ်သွားရတတ်တယ်
3-သူကဘယ်လောက်ပဲအကျင့်ဆိုးတွေရှိရှိ သူ့တစ်ယောက်ပဲချစ်တာဆိုတော့အမြဲတမ်းခွင့်လွှတ်ပေးနေရမယ်
4-ကိုယ့်ထက်သာတာတွေ့ရရင်ကိုယ့်ကိုထားခဲ့လိမ့်မယ် အဲဒီအခါကျရင် အရမ်းကြေကွဲဝမ်းနည်းရလိမ့်မယ်
5-အဓိက ကတော့ ကိုယ့်ရဲ့ရိုးသားမှုကိုအသုံးချပြီးသူလှည့်စားသမျှခံရလိမ့်မယ်
အားလုံးပျော်ရွှင်ကြပါစေဗျာ .... :)
Sunday, January 22, 2012
ရည်းစားတွေအများကြီးထားရတဲ့ ကောင်းကျိုး
9:36 AM
No comments
0 comments:
Post a Comment