Search This Blog

Thursday, January 26, 2012

တကယ်တော့ငါပာာ (ကဗျာ)

တကယ်တော့………….ငါဟာ
သေဆုံးနေခဲ့တာပါ။
ဘယ်သူမှလဲ မသိ
ငါကိုယ်တိုင်တောင်မသိခဲ့ဘူး။
တကယ်တော့…………ငါဟာ
မျှော်လင့်ခြင်းတွေကို ဟန်ပြပြီး
အသက်ရှင်ခြင်ယောင်ဆောင်နေတဲ့
လူတစ်ယောက်ပါ။
တကယ်တော့………….ငါဟာ
စိတ်ကူးယဉ်ခြင်းတွေထဲမှာ ပျော်ဝင်ပြီး
အိပ်မက်တွေထဲမှာပဲ ယဉ်တစ်ကိုယ်စာ
ကူးခတ်နေသူတစ်ယောက်ပါ။
တကယ်တော့…………..ငါဟာ
အထီးကျန်ခြင်းတွေကို အဖေါ်ပြုပြီး
တစ်ယောက်တည်း
ကမ္ဘာတစ်ခု တည်ဆောက်ဖို့
ကြံစည်နေသူတစ်ယောက်ပါ။
တကယ်တော့………….ငါဟာ
အတိတ်ကိုပဲ ရစ်မူးခုံမင်နေပြီး
အရာအားလုံးကို
မေ့လျော့နေသူ တစ်ယောက်ပါ။
အမှန်တကယ်တော့…………ငါဟာ
မျိုသိပ်ခြင်းများစွါနဲ့
ယဉ်ယဉ်လေး ရူးနေခဲ့သူပါ။

ပျော်ရွှင်ကြပါစေဗျာ... ။

0 comments:

Post a Comment