Search This Blog

Thursday, January 26, 2012

သူငယ်ချင်းချစ်သူ (ကဗျာ)

ကောင်မလေးရေ …
ပန်းရောင်စုံတွေ စီတန်း
ဆန်းပြားတဲ့ ကကွက်တွေနဲ့
ပျော်ရွှင်စရာ မင်းရဲ့ဘ၀က
ပြည့်စုံလွန်းပါတယ် …
အဖြူရောင်တံတိုင်းအထပ်ထပ်
ငါ့ရင်မှာ ထူးခတ်ထားပေမယ့်
အချစ်စစ်တွေ တဖိတ်ဖိတ်
ပြိုဆင်းလို့ နေတာ
ဘယ်သူတွေ မြင်နိုင်ခဲ့လဲ …
လွမ်းအောင် ညို့တတ်တဲ့
ကောင်မလေးရေ …
စိုးရွံ့တဲ့ စိတ်တွေကြောင့်
သူငယ်ချင်းလို ချစ်ဟန်ဆောင်လို့
နှလုံးသားရင်ခုန်သံတိုင်းကို
ဟိုအရင် အချိန်တွေအတိုင်း
တိတ်တဆိတ် နေပါစေကွယ် … ။

0 comments:

Post a Comment