Search This Blog

Thursday, January 26, 2012

ဆုပ်ထားမယ် စူးပါစေ (ကဗျာ)

ငါဆိုတဲ့ကောင်က
မင်းအတွက်childplay
ထမင်းစားရေသောက်ပါ။
ငါစပ်တဲ့ကဗျာတွေက
မင်းအတွက်ဆပ်ပြာဗူးဖောင်း
ဝင်လေထွက်လေပါ။
ငါပေးတဲ့လက်ဆောင်က
မင်းအတွက်
……………………။
ဘယ်မီနိုင်ပါ့မလဲ..။
မယှဉ်ပါဘူး……။
နင်နဲ့ပတ်သက်ရင်
အစတည်းက…
နင်းခြေခံပြီသားလေ။
ငါခံစားရသမျှ ပြန်ပြောရင်
………………………….
ငါရင်ကျိုးသလို နင်ပြိုကျမှာစိုးတယ်။
(အလှကြည့်ရုံသက်သက်ပါ)
မင်းသိထားဖို့က
ငါက အစူးခံမယ့်ကောင်၊
အရူးခံမယ်ကောင်တော့မဟုတ်ဘူး။
ဘာလို့လဲဆိုတော့
အသက်နဲ့ထပ်တူ
မင်းကို တန်ဖိုးထားပြီ ချစ်လို့.... ။

သူငယ်ချင်းများအားလုံးပျော်ရွှင်ပါစေ ခန့် လေး ..

0 comments:

Post a Comment