ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား
ကမ္ဘာပေါ်မှာ ရှိတဲ့ပညာရှင်တိုင်းက သဘာဝ သယံဇာတတွေမပျက်စီးသေးတဲ့ သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့ ရှားပါးတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်ဆိုတာလက်ခံထားကြပါတယ် ။ ရွှေမြန်မာနိုင်ငံမှာ နိုင်ငံခြားသားခရီးသည်တွေ သိရှိတဲ့ ထင်ရှားတဲ့နေရာတွေ အများကြီး ရှိသလို မထင်ရှားတဲ့ အလှအပတရားတွေ ပြည့်စုံရာ နေရာတွေလည်း အများကြီးရှိပါတယ် ။ပထမဦးဆုံး လူတွေသိပ်မသိသေးတဲ့ နေရာလေးတစ်ခု... ။ အဲဒါက ရန်ကုန်မြို့တော်ကြီးနဲ့ သိပ်မဝေးတဲ့ ပဲခူးမြို့မှာ တည်ရှိပါတယ် ။ ကျနော်လည်း စတွေ့ကာစက အတော်ကိုအံ့သြသွားပါတယ် ။ ပဲခူးမြို့မှာ ထင်ရှားတဲ့ မြွေမယ်တော်ဆီကနေ သိပ်မဝေးပါဘူး ။ နာမည်က ဆံတော်ရှင် ဆုတောင်းပြည့် စူဌာမုနိ စေတီတော်ဖြစ်ပါတယ် ။ တောင်ကုန်းပေါ်မှာ တည်ထားတဲ့ စေတီတော်ဖြစ်ပြီး ရင်ပြင်တော်ပေါ် လေတဖြူးဖြူးတဲ့ အောက်ခြေမှာ စိမ်းလဲ့လဲ့ ရေကန်ကြီးတစ်ခုတည်ရှိပါတယ် ။ အပေါ်ကနေကြည့်မယ်ဆိုရင် ဟို
နေရာ သည်နေရာမှာ စေတီတော်လေးတွေကိုလည်း ဖူးမြော်နိုင်ပါသေးတယ် ။
ဒါကတော့ လူကြီးတွေက စကားပုံဖွက်လေ့ရှိတဲ့အခါ လူကြီးမဟုတ်တဲ့မြို့ဘာမြို့လည်းလို့ မေးလေ့ရှိကြပါတယ် ။ ကလေးမြို့ဖြစ်ပြီး အလွန်ကို သာယာလှပတဲ့ မြို့လေးတစ်ခုဖြစ်ပါတယ် ။ တမျှော်တခေါ် လယ်ကွင်းတွေနဲ့ သဘာဝပန်းချီကားတစ်ချပ်ကို ခံစားနိုင်တဲ့နေရာလေးတစ်ခု ဖြစ်ပါတယ် ။ ကလေးမြို့ပတ်ဝန်းကျင်က အလှအပတွေ က သင့်ကို မမက်ဖူးသေးတဲ့ ငြိမ်းချမ်းဖွယ် လေတဖြူးဖြူးနဲ့ ကွင်းပြင်လေးတွေဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ် ။
ကလေးမြို့မှ မြစ်သာတံတားဖြစ်ပါတယ် ။
ဒါကတော ဖလမ်းနဲ့ ဟားခါးကြားက ချင်းရွာလေးတစ်ရွာ ဖြစ်ပါတယ် ။ တောင်စောင်းလေးတွေ ပေါ်မှာ အိမ်ဆင်တူလေးတွေ ဆောက်ထားပုံက သဘာဝဆန်လှပါတယ် ။ သင့်ကိုတကြိမ်တခါမှ မမြင်ဖူးသေးစေတဲ့ အမြင်တခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။
ချင်း အစားအစာ တစ်မျိုးဖြစ်တဲ့ ဆာဗူးသီး ဖြစ်ပါတယ် ။ ပြောင်းဖူးနဲ့ အသားကို ရောပြီး စားချင်စဖွယ် ချက်ပြုတ်ထားတဲ့ ချင်းရိုးရာ အစားအစာတစ်ခုဖြစ်ပါတယ် ။
ဗားရ်တံတားနှင့် မဏိပူရမြစ်ရဲ့ အလှအပဖြစ်ပါတယ် ။
ဒါကတော့ ကလေးနဲ့ ဟားခါးကြားက ကားခနရပ်နားရာနေရာလေးဖြစ်တဲ့ ဗားလုံရွာကလေးပါ ။ တစ်ချိန်လုံးကားပေါ်မှာ သင်ညောင်းညာသမျှကို စက္ကန့်ပိုင်းအတွင်းပြေသွားစေမဲ့ သဘာဝအပန်းဖြေစရာ နေရာလေးတစ်ခုပါ ။
လွင်ပြင်တောင်ကုန်းပေါ်က ဟားခါးမြို့နှင့် ဟားခါးလမ်းရဲ့ အာရုံဦးနေထွက်ချိန်လေး ဖြစ်ပါတယ် ။
မေမြို့လမ်းပေါ်မှာ တည်ရှိတဲ့ ခိုနန်းရှင်ဂူဘုရားဖြစ်ပါတယ် ။ သဘာဝကျောက်ပန်းကျောက်ခက်တွေနဲ့ ဂမ္ဘီရဆန်ဆန် လှပတဲ့နေရာလေး တစ်ခုပါတယ် ။ ထုံးကျောက်နံရံတွေကျောက်ဆွဲပန်းခက်တွေက သင့်ကို ဒဏ္ဍာရီဆန်ဆန် အိပ်မက်တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် ။
ဒါကတော့ နာမည်ကြီးလှတဲ့ အကြီးဆုံးကျောက်စာတွေရှိတရာ ကုသိုလ်တော်ဘုရားဖြစ်ပါတယ် ။
ကုသိုလ်တော်တောင်ခြေမှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။
စစ်ကိုင်းတံတားရဲ့ နေ၀င်ချိန်နဲ့ ညအလှကို ခံစားနိုင်ပါတယ် ။ တခြားနိုင်ငံမှ တံတားကြီးတွေရဲ့ ညအလှကိုမမှီနိုင်ရင်တောင် မှ မလျော့နိုင်ပါဘူး ။ သင်ခံစားတတ်မယ်ဆိုရင်အမိမြန်မာနိုင်ငံရဲ့ အလှတရားကို ခံစားမိနိုင်မှာပါ ။
စစ်ကိုင်းတောင်ရဲ့ ညအလှ.... ။
ဒါကတော့ စစ်ကိုင်းတံတားအနီးက ရွှေကြက်ကျ ဘုရားဖြစ်ပါတယ် ။
ရွှေကြက်ကျဘုရား အနီး လှေဆိပ်မှ ညအလှမြင်ကွင်းဖြစ်ပါတယ် ။
မန္တလေး ကန်တော်ကြီးရဲ့ နေ၀င်ချိန်ဆည်းဆာအလှ ။
မန္တလေး နှစ် ၁၅၀ ပြည့်တုန်းက ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။
မန္တလေးကျုံးရေပြင် သင်တခါပြန်လွမ်းစေဖို့ ..... ။
ဦးပိန်တံတားရဲ့ နေ၀င်ချိန်ဆည်းဆာအလှ.....
မြန်မာဆိုတာ အလှအပတရားတွေစုဆည်းရာ ကမ္ဘာ့နတ်မိမယ် လေးတစ်ပါးဆိုတာ သင်လက်ခံနိုင် မယ်ဆိုရင်.......။
0 comments:
Post a Comment