ငါ့နှလုံးသား နုနုတွေကို
ဖရိုဖရဲ တစ်စစီ နင်းချေခဲ့လို့
အကြွင်းမဲ့ … သုည … ဟင်းလင်းပြင်မှာ
တစ်ယောက်တည်း အထီးကျန်ဆဲပါ …
မြေမတူ … ရေမတူ …
တခြား …တစ်ဖက် မြို့ဆီက
လွမ်းမောခြင်း တိမ်တိုက်တွေနဲ့အတူ
ငါ့ရဲ့ ရင်ကွဲသံစဉ်တွေကို
… နားလည်နိုင်ပါစေကွယ် … … …
Welcome My Friends
0 comments:
Post a Comment