Search This Blog

Thursday, January 26, 2012

ချစ်ခြင်းရဲ့ အခြား တစ်ဖက် (ကဗျာ)

ကမ္ဘာရဲ့ တစ်ဖက်
ဟိုး … အဝေးမြို့ဆီက
ကောင်းကင်ရနံ့တွေ ရှူ ရှိုက်
မင်း … အငွေ့အသက်လေးများ ပါမလားလို့ …

တကယ်ချစ်ခဲ့မိလို့
ငါ့ နှလုံးသားတွင်းနက်ထဲက
အချစ်စစ်စစ်တွေ ထုတ်ကာစတေး
မင်းထားခဲ့မယ့် အမုန်းတွေအတွက်
ထာဝရ ပြုံးပျော်ယောင်ဆောင်နေမယ် …

ကောင်မလေးရယ် …
ရယူပိုင်ဆိုင်ခြင်းထက်
မင်းဘ၀လေး လှပစေချင်လွန်းလို့
ပေးဆပ်ပြီး ချစ်ခဲ့တဲ့
အဖြူရောင် ငါ့အချစ်တွေကို
တစ်သက်လုံး သိမ်းဆည်းထားတော့မယ် … ။

သူငယ်ချင်းများအတွက် 

0 comments:

Post a Comment